Friday, January 18, 2013

ကေအိုင်အိုနဲ့ ဆွေးနွေးဖို့ အစိုးရ က နောက်ထပ်ကမ်းလှမ်းဖို့ ပြင်ဆင်နေ

KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံခဲ့သည့် မှတ်တမ်းပုံ ဖြစ်ပါသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မကြာခင်ရက်ပိုင်းတွေအတွင်း ထပ်မံ ကမ်းလှမ်းမယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက RFA ကိုပြောပါတယ်။
ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ တွေ့ဆုံကြဖို့အတွက် ရည်ရွယ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၁၃ရက်နေ့က KIO အဖွဲ့ကို အစိုးရ ငြိမ်းချမ်းရေးအဖွဲ့က တရားဝင် ကမ်းလှမ်းချက်ပေးပို့ထားပေမယ့် အဲဒီ ကမ်းလှမ်းချက်ကို ဒီကနေ့အထိ ကချင် KIO ဖက်က အကြောင်းပြန်တာ မရှိသေးဘူးလို့ ဦးလှမောင်ရွှေက ပြောပါတယ်။
ဒါကြောင့် မကြာခင် ထပ်မံကမ်းလှမ်းဖို့ စီစဉ်ထားတယ်ဆိုတာကို ဝန်ကြီး ဦးအောင်မင်းက Myanmar Peace center အဖွဲ့ဝင်တွေကို ရှင်းပြခဲ့တာ ဖြစ်တယ်လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။
RFA

No comments:

Post a Comment