Friday, January 11, 2013
အန္တရာယ်ရှိ တိရစ္ဆာန်များနဲ့ အတူနေတဲ့ ဇနီးမောင်နှံ ဖမ်းဆီးခံရ
ဖလော်ရီဒါ ရဲတပ်ဖွဲ့သည် အန္တရာယ်ရှိ တိရစ္ဆာန်များနှင့် အတူနေထိုင်လျက်ရှိသည့် အိုးစမာမြို့တွင် နေထိုင်သူ ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ အသက် (၂၈)နှစ်အရွယ် အိုနေးလ်နှင့် အသက် (၂၆) နှစ်အရွယ် ဂျနီဖာကိုဗက်တို့ ဇနီးမောင်နှံနှစ်ဦးကို ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် တောရိုင်းတိရာစ္ဆာန် အက်ဥပဒေတို့အရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၄င်းတို့ဇနီးမောင်နှံသည် (၁၆)လသားအရွယ် မိန်းကလေးတစ်ဦးကိုလည်း တရားမ၀င် ခေါ်ယူစောင့်ရှောက်ထားကြောင်း၊ ၄င်းတို့နေထိုင်ရာ အိမ်အတွင်းမှ စပါးအုံြးေ>ွမခုနစ်ကောင်၊ အမျိုးအမည်မသိ မြွေအကောင်၂ဝ၊ အမျိုးအမည်မသိ မြွေ အကောင် ၂၀၊ ရှားပါးအိမ်မြှောင် ခုနစ်ကောင်၊ ကြွက်မျိုးစိတ်များစွာ အကောင် ၁၀၀၊ အမွေးအမှင်ပါသည့် နဂါးသဏ္ဌာန် အိမ်မြှောင်/ဖွတ် အကောင် ၁ဝဝ နှင့် ကင်းမြီးကောက်များ၊ ငှက်များ၊ ယုန်များ၊ ဝက်များ၊ ရှဥ့်များ၊ ဖြူများကိုလည်း တရားမဝင်မွေးမြူထားကြောင်း သိရသည်။
khitlunge

No comments:
Post a Comment