Thursday, January 24, 2013

လေ့ကျင့်ရေးကွင်းတွင် ဘောလုံးများ အခိုးခံရသည့် ကိစ္စကို မန်ယူစုံစမ်းနေ


မန်ချက်စတာ ယူနိုက်တက် အသင်းသည် လေ့ကျင့်ရေးကွင်းတွင် ဘောလုံးများ အခိုးခံရခြင်းနှင့် ပတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

တစ်သင်းလုံး ကာတာတွင် သွားရောက် လေ့ကျင့်နေစဉ် အတောအတွင်း မန်ချက်စတာမြို့ရှိ ကာရင်တန် လေ့ကျင့်ရေးကွင်းတွင် ဘောလုံးများ အခိုးခံရခြင်း ဖြစ်သည်။ ယခု ခိုးမှုအတွင်း ပေါင်စတာလင် (၃၀၀၀)ဖိုးမျှ တန်ဖိုးရှိသည့် Nike Maxim ဘောလုံးများ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။ ယင်းသည် ဒေသခံ သူခိုး သူဝှက်များ၏ လက်ချက် ဖြစ်နိုင်ပြီး လေ့ကျင့်ရေးကွင်းတွင် လူသူ ကျဲပါးနေချိန်ကို အခွင့်အရေးယူကာ ဖောက်ထွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း အသင်း တာဝန်ရှိသူများက ခန့်မှန်းထားသည်။
သူခိုးများသည် ကာရင်တန် ကွင်းထဲ ကျူးကျော်လာပြီးနောက် လေ့ကျင့်ရေး ပစ္စည်းများ ထားရှိရာ အခန်းထဲ ချဉ်းနင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းသားများ လေ့ကျင့်ခန်း ပြီးဆုံးပြီးနောက် ဝန်ထမ်းများက ဘောလုံးများကို မသိမ်းဆည်းမီ ကတည်းက စောင့်ကြည့်နေဟန် ရှိကြောင်း သိရှိရသည်။ အဆိုပါ လေ့ကျင့်ရေးကွင်းသည် အနီးအနားတွင် သစ်ပင်များ ပေါက်ရောက်နေခြင်းကြောင့် သူခိုးများ ပုန်းခို ချောင်းမြောင်းရန် အဆင်ပြေစေမည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့က အဆိုပါ ခိုးမှုအတွက် အမှတ်ပေးဇယား ဦးဆောင်သည့် အသင်းထံမှ တိုင်ကြားမှု မရရှိခဲ့ကြောင်း ပြောကြားထားသည်။
Ref: Goal
soccer myanmar

No comments:

Post a Comment