Thursday, January 24, 2013

အချိန်ကိုအရောင်နဲ့ပြမယ့် နာရီ

ထူးတော့ထူးဆန်းပါတယ်။ ပြီးတော့ ဒီနာရီကို ကာလာဘလိုင်းတို့ အသုံးပြုမယ် ဆိုရင် ခက်ခဲမယ့် အနေအထားမှာရှိပါတယ်။ ဘာလို့လဲဆို သူကအချိန်ကို အရောင်နဲ့ ခွဲခြားလို့ ဖြစ်ပါတယ်။
ဥပမာ မနက်အိပ်ယာထချိန်ကို အစိမ်းရောင်လို့ပေးထားပြီး alarm ပါတွဲ ပေးထား ရင် ပိုအဆင်ပြေပါမယ်။ ပြီးတော့ နေ့လည်ထမင်းစားချိန်ကို အဝါရောင်ပေး၊ ညနေ ကော်ဖီသောက်ချိန်ကို အနီရောင်ပေးအစရှိသဖြင့် လိုသလို Option ပေးလို့ ရပါတယ်။ ၂၄ နာရီလုံးကို ခွဲခြားပေးဖို့ အရောင်တော့ ပေးမထားလောက်ဘူးထင် ပါတယ်။ သူက အဓိကအားဖြင့် မနက်အိပ်ယာထချိန်၊ ထမင်းစားချိန် ၊ နေ့လည် စာချိန်၊ ညနေရုံးဆင်းချိန်၊ ညစာစားချိန်၊ ညအိပ်ယာဝင်ချိန်အစရှိသဖြင့် အရေးကြီးတဲ့အချိန်တွေကိုပဲ ပြသ မှာ ဖြစ်ပါတယ်။


LED မျက်နှာပြင်နဲ့ ဖြစ်ပြီးပုံမှာ မြင်တွေ့ရတဲ့ဒီဇိုင်းအတိုင်းပါပဲ။ အချိန်ကို နာရီမဟုတ်ပဲ ဖုန်းတို့လို နေရာ ကနေကြည့်နိုင်တယ်ဆိုရင် လက်မှာပတ်တဲ့နာရီနေရာကို ဖက်ရှင်တစ်ခုခုနဲ့ အစားထိုးနိုင်ပါတယ်။ ဒါကြောင့်ပဲ ယင်းစိတ်ကူးနဲ့ ယခု Color in time နာရီကို ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီဇိုင်နာကတော့ Maxim Mezentsev ဖြစ်ပြီး မကြာမီ ထုတ်လုပ်တာ့ မှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: techblog

Aung Kham (TSJ team)
 

No comments:

Post a Comment