Friday, January 11, 2013
တက္ကဆက် နျူကလီးယားဓာတ်အားပေးစက်ရုံမီးလောင်
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထရန်စဖော်မာ တစ်ခု ပိတ်ထားရမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။ မီးလောင်မှု ဖြစ်ပွားရာတွင် ဒဏ်ရာရသူ မရှိသော်လည်း ဘေးစီးတီးအနီး တက္ကဆက်ပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနရှိ ထရန်စဖော်မာအမှတ်-၂ တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု အေဘီစီ သတင်းဌာနက ပြောကြားသွားခဲ့သည်။ ''မီးလောင်မှုကို မြန်မြန်ဆန်ဆန် ထိန်းချုပ်ပြီး ငြှိမ်းသတ်နိုင်ခဲ့ ပါတယ်။ ထရန်စဖော်မာ တစ်လုံးကတော့ အလိုအလျောက် ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ထရန်စဖော်မာ တစ်လုံးနဲ့ ရာခိုင်နှုန်းပြည့် ဓာတ်အား ဖြန့်ဖြူးပေးနေပါတယ်”ဟု တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ ဓာတ်အားပေး စက်ရုံသည် ဟူစတန်မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၄ဝ အကွာတွင် တည်ရှိပြီး ဓာတ်အားပမာဏ ၁၃၅ဝ မဂ္ဂါဝပ် ထုတ်ပေးနိုင်သည့် ဓာတ်အားပေး စက်နှစ်လုံး တပ်ဆင်ထားကာ လူဦးရေ နှစ်သန်းသို့ ဓာတ်အား ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။
khitlunge

No comments:
Post a Comment