Thursday, January 24, 2013

ဘဟားမားဆိပ်ကမ်းအနီး ရေနံယိုဖိတ်မှုဖြစ်ပွား


လောင်စာ ပြန်လည်ဖြည့်နေစဉ် မတော်တဆမှု တစ်ရပ်ကြောင့် ပင်လယ်အတွင်းသို့ ဒီဇယ်ဆီဂါလန် ၂ဝဝ ကျော် (၇၅၇ လီတာ) ယိုဖိတ်မှု ဖြစ်ပွားခဲ့ကြောင်း ဘဟားမားနိုင်ငံ အာဏာပိုင်များက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားကြသည်။ ဘဟားမားနိုင်ငံ၏ အဓိက ပင်လယ်ဆိပ်ကမ်းဖြစ်သော ဂရန်ဘဟားမား ဆိပ်ကမ်းအနီးတွင် ဒီဇယ်ဆီ ဂါလန်၁ဝဝဝ ခန့် (၃၇၈၅ လီတာ) ယိုဖိတ်ခဲ့သည်ဟု အစောပိုင်းတွင် ခန့်မှန်းခဲ့သည်။ သို့ရာတွင် ဒီဇယ်ဆီ ဂါလန် ၂ဝဝ ကျော်သာ ယိုဖိတ်ခဲ့ကြောင်း အစိုးရအဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂ဝ ရက် အရုဏ်တက်ချိန်တွင် ရေနံတင် သင်္ဘောတစ်စင်းက ကုန်တင်ရေယာဉ် တစ်စင်းကို လောင်စာဆီ ဖြည့်ပေးနေချိန်အတွင်း ဒီဇယ်ဆီဂါလန် ၂၁ဝ ခန့် ပန်းထွက်ခဲ့ပြီး ရေနံယိုဖိတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကဲ့သို့ ရေနံယိုဖိတ်မှုကို နာရီဝက်ခန့် မသိရှိခဲ့ကြကြောင်း ဘဟားမားသယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဂလန်းဟန်နာမာတင်က သတင်းထောက် များအား ပြောကြား သည်။ ရေနံယိုဖိတ်မှုကို ရှင်းလင်းသုတ်သင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ (ရိုက်တာ)
khitlunge

No comments:

Post a Comment