Saturday, January 26, 2013
မြောက်ကိုရီးယား တတိယအကြိမ် နျူစမ်းသပ်မည်
မြောက်ကိုရီးယားနိုင်ငံက ၄င်းတို့သည် တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ကြေညာခဲ့သည်ဟု ဇန်နဝါရီ ၂၄ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ကေစီအန်အေ သတင်းဌာနက ဖော်ပြသော ကြေညာချက်တွင် အဆင့်မြင့် နျူကလီးယား စမ်းသပ်ခြင်းနှင့် ပို၍ဝေးဝေးပစ်လွှတ်နိုင်သည့် ဒုံးကျည်များ စမ်းသပ်ခြင်းသည် အဓိကရန်သူ အမေရိကန်ပြည်ထောင်စုကို ရည်ရွယ်ပါသည်ဟု မြောက်ကိုရီးယားနိုင်ငံ ထိပ်ပိုင်း စစ်ဘက်ဆိုင်ရာ အဖွဲ့က ပြောကြားခဲ့သည်ဟု ဆိုသည်။ ယင်းကြေညာချက်တွင် စမ်းသပ်မည့် အချိန်ကာလကိုမူ ဖော်ပြထားခြင်း မပြုပေ။ မြောက်ကိုရီးယားသည် ၂ဝဝ၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝဝ၉ ခုနှစ်တွင် တစ်ကြိမ် နှစ်ကြိမ် စမ်းသပ်ခဲ့ပြီးဖြစ်သည်။ မကြာသေးမီက ပြုံယမ်း၏ ဒုံးပျံပစ်လွှတ်ခြင်းကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ရှုတ်ချခဲ့ပြီးသည့်နောက် နှစ်ရက်အကြာတွင် ယင်းကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment