Saturday, January 5, 2013
ဗုံးဖောက်ခွဲမည်ဟု ဖေ့စ်ဘုတ်မှ ခြိမ်းခြောက်ခဲ့သူ အသက် (၁၃)နှစ်အရွယ်လူငယ် အဖမ်းခံရ
စင်ကာပူနိုင်ငံအတွင်းရှိ လောင်းကစားရုံ အ၀န်းအ၀ိုင်းအတွင်း ဗုံးဖောက်ခွဲပစ်မည်ဟု ဖေ့စ်ဘုတ်မှတစ်ဆင့် ခြိမ်းခြောက်ခဲ့သူ အသက်(၁၃)နှစ် အရွယ် လူငယ်တစ်ဦးကို ဇန်န၀ါရီ ၁ ရက်က ဖမ်းဆီးခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဆိုသည်။ အိန္ဒိယနိုင်ငံသားဟု ထင်မှတ်ရသော စင်ကာပူတွင် ကျောင်းလာတက်သည့် အဆိုပါလူငယ်သည် ၄င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် လောင်းကစားရုံနှင့် ဟိုတယ်များတည်ရှိရာ Marina Bay Sands ၌ ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်ပြီးနောက် ရဲတပ်ဖွဲ့က အဆိုပါကိစ္စကို စုံစမ်းဖော်ထုတ်ရန်အတွက် ကျောင်းများနှင့် ဆက်သွယ်ခဲ့ပြီး ကျောင်းသားစာရင်းနှင့် ၄င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာများကို စစ်ဆေးပြီးနောက် ၄င်းလူငယ်အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၄င်းလူငယ်သည် အင်တာနက် ဥပဒေအရ စင်ကာပူဒေါ်လာ ၁၀၀၀၀၀ ထက်မပိုသော (အမေရိကန် ဒေါ်လာ ၈၀၀၀၀) ငွေဒဏ် သို့မဟုတ် ငါးနှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရဖွယ်ရှိနေသည်။
khitlunge

No comments:
Post a Comment