Tuesday, January 8, 2013

iPhone 6 နှင့် iOS 7 ကို Apple စမ်းသပ်နေ


နာမည်ကျော် နည်းပညာကုမ္ပဏီ Apple သည် ၎င်း၏မျိုးဆက်သစ် iPhone နှင့်မိုဘိုင်း operating system သစ်ကို စမ်းသပ်လျက်ရှိကြောင်း app developer များ၏အဆိုအရ သိရသည်။

Apple ကုမ္ပဏီ၏ app developer များသည် မျိုးဆက်သစ် iPhone အတွက် app များကို ဖန်တီးပြုလုပ်ရတော့မည်ဖြစ်ပြီး ကုမ္ပဏီနှင့်လည်း အဆိုပါကိစ္စအတွက် ဆွေးနွေးလျက်ရှိကြောင်း Next Web တွင်ဖော်ပြထားသည်။ ထို့ပြင် iPhone 6,1 ဟု developer များက သတ်မှတ်ထားသည့် ၎င်းစမတ်ဖုန်းသစ်ကို iOS7 အသုံးပြု ထုတ်လုပ်မည်ဟုလည်း သတင်းစကားများ ထွက်ပေါ်နေသည်။ ရင်းနှီးသူများ၏ အဆိုအရ Apple ကုမ္ပဏီ သည် လက်ရှိ iPhone 5 ကိုလည်း ဖုန်း၏ ဆက်သွယ်မှုကွန်ရက်စနစ် အချက်အလက်များပေါ်တွင် အခြေခံပြီး iPhone 5,1 သို့မဟုတ် iPhone 5,2 ဟုသတ်မှတ်ရန် ပြုလုပ်နေကြောင်းလည်း သိရသည်။ မျိုးဆက်သစ် iPhone နှင့် operating system သစ်အတွက် hardware နှင့် software feature သစ်များကိုမူ ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးပေ။

ရေးသားသူ -ဟေမာ
Ref: LATimes

Internet Journal

No comments:

Post a Comment