Wednesday, February 27, 2013

မသိခဲ့လို့ပါ


လူတစ်ယောက် အရက်ဘားဆိုင် တစ်ဆိုင်သို့ ဝင်လာပြီး ဝီစကီ ၁၀ လုံးမှာလိုက်ပါတယ်။ ဒီတော့ အံ့သြနေတဲ့ ဆိုင်ပိုင်ရှင်ကတော့ ဘာဖြစ်လို့ ဒီလောက် သောက်ရလဲ မေးတော့

"ကျနော့ ညီလေးက ဂေးဖြစ်နေတာ ခုမှသိလိုက်တယ်။ သူ ကျနော့ သူငယ်ချင်းနဲ့ ကြိုက်နေတယ်လေ"  လို့ပြန်ဖြေပါတယ်။
ဒီလိုနဲ့ နောက်တစ်နေ့လည်း ကျရော ယင်း အမျိုးသားကပဲ ဆိုင်မှာ ဝီစကီ ၁၂ လုံး မှာသောက်ပါတယ်။ ဒါကိုလည်း ထူးဆန်းနေတော့ ဆိုင်ရှင် က မေး တဲ့အခါ--
" ကျနော့သားလည်း ဂေးပဲဗျ။ ဒီနေ့မှသိလိုက်တယ်၊ ဝမ်းနည်းတယ်ဗျာ" လို့ ပြန်ဖြေပါတယ်။
ဒီလိုနဲ့ နောက်တစ်ရက်ကျတော့ ဆိုင်မှာ ဝီစကီ ၁၅ လုံးတောင် မှာသောက်ပြန်ပါတယ်။ ဒီတော့ ဆိုင်ပိုင်ရှင်က " ဒီတစ်ခါ ခများမိသားစုထဲမှာ ဘယ်သူက မိန်းကလေးနဲ့ တူနေသေးလို့လဲ " လို့ မေးတဲ့အခါ အမျိုးသားက အောက်ပါအတိုင်း ဖြေပါတယ်။
"အင်း ကျနော့ ဇနီးပေါ့ဗျာ"
---------
---------
---------
Ref: jokeseve
ရိုးရာလေး

No comments:

Post a Comment