Wednesday, February 27, 2013

မိမိ၏ အကောင်းဆုံး ခြေစွမ်းကို မရောက်ရှိသေးဟု ရော့ဒ်ဝဲလ် မှတ်ချက်ပြု


မန်ချက်စတာ စီးတီးအသင်း ကွင်းလယ် ကစားသမား ဂျက်ရော့ဒ်ဝဲလ်က မိမိ၏ ခြေစွမ်း အကောင်းဆုံး အနေအထားကို ပရိသတ်များ မမြင်ရသေးဟု ပြောကြားလိုက်သည်။
၎င်းသည် ချယ်လ်ဆီးကို (၂-၀)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် မန်စီးတီးအတွက် ခြေစွမ်းပြ ကစားပြီး ချယ်လ်ဆီး နောက်တန်းကို ဖိအားပေးသွားခဲ့သည်။ အသက်(၂၁)နှစ်ရှိ ကစားသမားသည် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းက အဲဗာတန်မှ ပြောင်းရွှေ့လာပြီးနောက် ဒဏ်ရာ ပြဿနာများနှင့် ရုန်းကန်နေခဲ့ရသည်။ သို့သော်လည်း ချယ်လ်ဆီးနှင့် ပွဲတွင်မူ ပွဲထွက် နေရာမှ ပါဝင်လာကာ ပရိသတ်အကြိုက် အကောင်းဆုံး ရွေ့လျား ကစားပြီး အသင်း၏ တိုက်စစ်ဗျူဟာကို ဦးဆောင် ပုံဖော်နိုင်ခဲ့သည်။
"အဲဒီပွဲမှာ ကျွန်တော် ဂိုးရနိုင်တဲ့ နေရာတချို့မှာ ရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကစားရတာ ကျေနပ်သလို လတ်ဆတ် တက်ကြွနေတယ်လို့ ခံစားမိပါတယ်။ ကျွန်တော် မကစားရတာ ကြာပြီလေ။ လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တဲ့အတွက် ကျွန်တော် ပိုပြီး သန်မာလာတယ်လို့ ခံစားရတယ်။ ကျွန်တော် ခုပွဲမတိုင်ခင် နောက်ဆုံး ပွဲထွက်ခွင့် ရခဲ့တာ စက်တင်ဘာလကပါ။ ဒါပေမဲ့ ကျွန်တော့်မှာ အခွင့်အလမ်း များများစားစား မရှိခဲ့ပါဘူး။ ကျွန်တော့် အမြင်မှာတော့ မန်စီးတီး ပရိသတ်တွေဟာ ချယ်လ်ဆီးနဲ့ပွဲမှာ ကျွန်တော့် ကစားပုံကို အကောင်းဆုံးလို့ မထင်သင့်သေးပါဘူး။ တကယ်တော့ ကျွန်တော့်မှာ ဒီထက် ပိုကောင်းလာနိုင်စရာတွေ အများကြီး ရှိနေဆဲပါ"ဟု ရော့ဒ်ဝဲလ်က ပြောဆိုသွားခဲ့သည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment