Sunday, February 24, 2013
အီဂျစ်ပါလီမန် ရွေးကောက်ပွဲများ ဧပြီ ၂၇ ရက်တွင် စတင်မည်
အီဂျစ်သမ္မတ မိုဟာမက်မော်စီသည် ပါလီမန်ရွေးကောက်ပွဲများကို ဧပြီ ၂၇ ရက်တွင် စတင်ကျင်းပရန် ဖေဖော်ဝါရီ ၂၁ ရက်က သတင်းထုတ်ပြန်ခဲ့ကြောင်း အစိုးရပိုင် မီနာသတင်းဌာနက ဖော်ပြသည်။ အဆိုပါ ရွေးကောက်ပွဲများကို နှစ်လအကြာ အဆင့်လေးဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မဲခွဲဆုံးဖြတ်သည့် ပထမအဆင့်ကို ဧပြီ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် ကိုင်ရိုအပါအ၀င် ပြည်နယ်ငါးပြည်နယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ နောက်ထပ် မဲခွဲဆုံးဖြတ်မှုကို မေ ၄ ရက်နှင့် ၅ ရက်တို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ ပါလီမန် ဥပေဒပြု ရေးအဏာကို ယာယီထိန်းသိမ်း ချုပ်ကိုင်ထားသော ရှူရာကောင်စီ (ပါလီမန် အထက်လွှတ်တော်)သည် ယင်းနေ့ အစောပိုင်းက ပါလီမန်ရွေးကောက်ပွဲ ဥပဒေအပေါ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ပြင်ဆင်ချက် ရည်ညွှန်းပေးပို့လာမှုကို အတည်ပြုခဲ့သည်။ ပါလီမန် ရွေးကောက်ပွဲ ဥပဒေပါ အချက်အချို့သည် ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေနှင့် မညီညွတ်ဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပယ်ချခဲ့ပြီးနောက် ယင်းပြင်ဆင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အီဂျစ် ပါလီမန် အောက်လွှတ်တော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီသည့် ၄င်း၏ မဲခွဲဆုံးဖြတ်မှုကြောင့် ပြီးခဲ့သည့်နှစ်က တရားဝင် ဖျက်သိမ်းခံခဲ့ရသည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment