Sunday, February 24, 2013
ကမ္ဘာ့ ကိုရုပ်ဆိုးဘွဲ့ရသူ ဒေါ်လာ ၁၀၀၀၀ ရရှိ
တန်ရှုကွမ်းအမည်ရှိ တရုတ်ပြည် ချန်ဒူးမြို့မှ သူတစ်ဦးသည် မျက်နှာကို ရုပ်အဆိုးဆုံးဖြစ်အောင် လုပ်နိုင်သဖြင့် ကမ္ဘာ့စံချိန်တင်ပြီး ဆုငွေ ဒေါ်လာ ၁၀၀၀၀ ရရှိသွားကြောင်း သိရသည်။ သူသည် ဆုငွေများ ရရှိသည့်အပြင် ကမ္ဘာ့ Guinness မှတ်တမ်းဝင် ဆုကိုပါ ရရှိသွားခဲ့သည်။
သူက ကမ္ဘာပေါ်တွင် သူ့လောက်မျက်နှာကို အဆိုးရွားဆုံးဖြစ်အောင် လုပ်နိုင်သူ ဒေါ်လာ ၁၅၀၀၀ ပေးမည်ဟု စိန်ခေါ်ကာ လုပ်ပြခဲ့ခြင်းဖြစ်သည်။
ရှုကွမ်းသည် ပါးစပ် အောက်သွားဖြင့် အထက်နှာခေါင်းစွန်းကို ငုံနိုင်အောင် လုပ်ခြင်းဖြင့် ပုံပျက်ပန်းပျက်ဖြစ်စေ ခဲ့ခြင်းဖြစ်သည်။ သူက ထိုမျက်နှာမျိုးကို ဂါနင်းဟုခေါ်ပြီး ပုံဆိုးဟု အဓိပ္ပာယ်ရသည်။ သူသည် ထိုမျက်နှာမျိုး လုပ်နိုင် ရန် ၁၀ နှစ်ခန့် ကြိုးစားခဲ့ရကြောင်း၊ သူလုပ်နိုင်မှ မီဒီယာသို့ ဖော်ထုတ် ပြသခြင်း ဖြစ်ကြောင်း၊ သူက လာမည့် မတ်လတွင် အီတလီ၌လည်း ကမ္ဘာ့စံချိန် ချိုးရန် ပွဲတစ်ပွဲကို ဝင်နွှဲဦးမည်ဖြစ်ကြောင်းသိရသည်။
မောက္ခ
myanmarkaung blog

No comments:
Post a Comment