ယီမင်စစ်လေယာဉ် လူနေရပ်ကွက်ပေါ်ပျက်ကျ
ယီမင်နိုင်ငံ
မြို့တော်ဆာနာရှိ လူနေရပ်ကွက် တစ်ခုပေါ်သို့ ယီမင် စစ်ဘက်လေယာဉ်တစ်စင်း
ပျက်ကျခဲ့ရာ အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ
လုံခြုံရေးတပ်ဖွဲ့ သတင်းဌာနများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ လေယာဉ်သည်
ဆာနာမြို့ ချန်ဂီရင်ပြင် အနီးအယ်လ်ကာဒစ်စီယာ ခရိုင်အတွင်းရှိ
လူနေရပ်ကွက်ပေါ်သို့ ဖေဖော်ဝါရီ ၁၉ ရက်က ပျက်ကျခဲ့ကြောင်း
လေယာဉ်ပျက်ကျမှုကြောင့် လူပေါင်းများစွာ ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေး
သတင်းဌာနများက ပြောကြားသည်။ ၄င်းလေယာဉ် ပျက်ကျမှုတွင် နေအိမ်နှစ်လုံး
ပျက်စီးခဲ့ကြောင်း၊ လေယာဉ်မှူးနှင့် မြေပြင်ရှိ အရပ်သား ၁ဝ ဦးတို့
သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများမှာ အမျိုးသမီးများနှင့် ကလေးများ
ဖြစ်ကြောင်း ဆေးတပ်ဖွဲ့က ပြောကြားသည်။
(ပရက်စ်တီဗွီ)
khitlunge
No comments:
Post a Comment