Saturday, February 23, 2013

နိုင်ငံသားဥပဒေ ပြင်ဆင်ရေးဟာ မိမိနိုင်ငံကပဲ ဆုံးဖြတ်ရမယ် လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နေပြည်တော်မှာကျင်းပခဲ့တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲအခမ်းအနား တက်ရောက်လာသော         အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ  သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့လိုအပ်ကြောင်း ပြောဆိုတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားကို မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။
"အဲဒါလည်း သူဘယ်လို ပြင်သင့်တယ်ဆိုတာကို သူ့ပြောချက်တွေကို သုံးသပ်ရမှာပေါ့၊ ဒီလို နိုင်ငံခြားကနေပြီးတော့ ပညာရှင်တွေ ပြောတဲ့ကိစ္စတွေဆိုတာ နားထောင်သင့်တယ်၊ လေ့လာသင့်တယ်၊ သုံးသပ်သင့်တယ်၊ ကိုယ့်ရဲ့နိုင်ငံနဲ့ ဆီလျော်သည် မဆီလျော်သည်ဆိုတာကတော့ နောက်ဆုံးတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာပေါ့"
ဒီနိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဒီနိုင်ငံကပဲ ဆုံးဖြတ်ရမှာဖြစ်ပေမယ့် နိုင်ငံတကာအဆင့်မီဖို့တော့ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုခဲ့ပါတယ်။
RFA

No comments:

Post a Comment