Saturday, February 23, 2013
ဒရုန်းလေယာဉ်များကြောင့် လူ ၄၇၀၀ ခန့် သေဆုံးခဲ့ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ပြောကြား
အမေရိကန် ဒရုန်းလေယာဉ် တိုက်ခိုက်မှုများကြောင့် အရပ်သားများ အပါအ၀င် လူပေါင်း ၄၇၀၀ ခန့် သေဆုံးခဲ့ကြောင်း အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးက ပြောကြားခဲ့သည်။ မိမိတို့ ဒရုန်းလေယာဉ်များဖြင့် လူပေါင်း ၄၇၀၀ ကို သတ်ဖြတ်ခဲ့ကြောင်း၊ ဒရုန်းအသုံးပြု တိုက်ခိုက်မှုကို အခိုင်အမာ ထောက်ခံသူ တစ်ဦးဖြစ်သည့် ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ် လင့်ဆေးဂရာဟန်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ရံဖန်ရံခါတွင် အပြစ်မဲ့ ပြည်သူများအား ထိခိုက်မှုနှင့် ပတ်သက်ပြီး မိမိအနေဖြင့် မနှစ်သက်ခဲ့ကြောင်း၊ သို့သော်လည်း မိမိတို့သည် အလွန်အဆင့်မြင့်သည့် အယ်လ်ခိုင်ဒါ အဖွဲ့ဝင်များကို တိုက်ခိုက်နေရသည့် စစ်ဆင်မှု ရှိနေကြောင်း ဂရာဟန်က ထပ်လောင်းပြောကြားခဲ့သည်။ အဆိုပါ ဒရုန်းယာဉ်သည် အသုံးပြုရန် လိုအပ်သည့် လက်နက်တစ်ခုဖြစ်ကြောင်း၊ ပင်လယ်ရပ်ခြား နိုင်ငံများကို တိုက်ခိုက်မှုများ လုပ်ဆောင်ရွာတွင် သမ္မတ ဘားရက်အိုဘားများ၏ ဒရုန်းယာဉ်များ အသုံးပြုမှုအပေါ် ဂရာဟန်က ကာကွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းဒရုန်းယာဉ်သည် နည်းဗျူဟာ လက်နက်တစ်ခုဖြစ်ကြောင်း၊ လက်နက် တပ်ဆင်ထားသည့် မောင်းသူမဲ့ ယာဉ်တစ်စင်းလည်းဖြစ်ကြောင်း အထက်လွှတ်တော်အမတ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။
(ပရက်စ်တီဗွီ)
khitlunge

No comments:
Post a Comment