ချယ်လ်ဆီး နောက်ခံလူ ဂယ်ရီကာဟေးလ်က ၎င်းတို့၏ အမှတ်ပေး ဇယား ရပ်တည်မှု အဆင့်ကို ဒုတိယ နေရာထိ မြှင့်တင်နိုင်ရန် ကြိုးစားသင့်ကြောင်း အသင်းဖော်များအား တိုက်တွန်းလိုက်သည်။
လက်ရှိ အမှတ်ပေး ဇယား ဒုတိယ နေရာတွင် ရပ်တည်နေသည့် ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းကို ကျော်လွန် လွှမ်းမိုးနိုင်သည် အခြေအနေမျိုး ချယ်လ်ဆီးတွင် အပြည့်အဝ ရှိနေသည်ဟု ယုံကြည်ကြောင်း အင်္ဂလန် လက်ရွေးစင် ခံစစ်မှူးက ဆိုသည်။ မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်၏ အသင်းသည် မန်စီးတီးနှင့် (၄)မှတ်သာ ကွာဟလျှက် ရှိနေပြီး အစ်တီဟတ်တွင် တနင်္ဂနွေနေ့၌ အဆိုပါနှစ်သင်း တွေ့ဆုံကြမည် ဖြစ်သည်။ ချယ်လ်ဆီးသည် ယနေ့ညတွင် စပါတာပရာ့ဂ်နှင့် ယူရိုပါလိဂ် ပွဲစဉ် ကစားရမည် ဖြစ်သော်လည်း ကာဟေးလ်က မန်စီးတီးနှင့် ပွဲကို ကြိုတင် ရင်ခုန်လျှက် ရှိသည်။
ကာဟေးလ်က "ကျွန်တော်တို့အတွက် စပါတာပရာ့ဂ်နဲ့ ပွဲဟာ ကြီးကျယ်တဲ့
ပွဲတစ်ခုပါ။ ဒါပေမဲ့ တနင်္ဂနွေနေ့ ပွဲကတော့ အံ့မခန်း ကြီးကျယ်တဲ့ ပွဲစဉ်တစ်ခု
ဖြစ်ပါလိမ့်မယ်။ တကယ်လို့ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ ရလဒ်ကောင်းတစ်ခု
အရယူနိုင်မယ် ဆိုရင် ချယ်လ်ဆီး အနေနဲ့ လမ်းကြောင်းမှန်ပေါ်
ပြန်ရောက်လာတယ်လို့ ဆိုနိုင်မှာပါ။ အဝေးကွင်းမှာ ကစားရတာဟာ အိမ်ကွင်းမှာထက်
အမြဲတမ်း ပိုခက်ခဲလေ့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရာရာ
မျှော်လင့်ခွင့် ရှိတယ်လို့ ထင်ပါတယ်။ ဒုတိယ နေရာဟာ ကျွန်တော်တို့
လက်လှမ်းမီတဲ့ နေရာမှာ ရှိနေတုန်းပဲလို့ ကျွန်တော် ယုံကြည်တယ်"ဟု
ပြောကြားခဲ့သည်။
၎င်းက ချက်နိုင်ငံမှ ကလပ်အသင်း စပါတာပရာ့ဂ်နှင့် ပတ်သက်ပြီးမူ "သူတို့ဟာ
အရည်အသွေးမြင့် အသင်းကောင်း တစ်ခု ဖြစ်ပါတယ်။ သူတို့အိမ်ကွင်းမှာ
ကျွန်တော်တို့ကို အခက်အခဲတွေ ကြုံရအောင် ရင်ဆိုင် ကစားပြခဲ့တာက အကောင်းဆုံး
သက်သေပါပဲ"ဟု မှတ်ချက်ပြုသွားသည်။ Ref: Sky Sports
soccer myanmar


No comments:
Post a Comment