Saturday, February 2, 2013
သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့ရှိ ဘူတာရုံ၌ ရထားလမ်းချော်မှုဖြစ်ပွား
သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့ရှိ ကလီဗီလန် ရထားဘူတာရုံတွင် ဇန်နဝါရီ ၃၁ ရက် နံနက်က ခရီးသည်တင် ရထားတစ်စင်း လမ်းချော်မှုကြောင့် ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ရထားလမ်းချော်မှုသည် ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၄ဝ ခန့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ၁၄ ဦးကို ဆေးဘက်အကူများက ဖြစ်ပွားသည့်နေရာတွင် အရေးပေါ် ဆေးဝါးကုသပြီး အခြား ၁ဝ ဦးကို နောက်ထပ် ဆေးစစ်မှု ခံယူရန်အတွက် ရက်လန်းဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ကွင်းစလန် လူနာစောင့်ရှောက်ရေးအဖွဲ့က ပြောကြားသည်။ ဝင်ရောက်တိုက်ခရီးသည် ၁၃ ဦး၊ ရထားမောင်းသူနှင့် ရထားတွဲစောင့်တစ်ဦးတို့ ရှိနေသည့် ရထားရှေ့ခေါင်းတွဲသည် လမ်းချော်မှုဖြစ်ပွားပြီး ဘူတာရုံပလက်ဖောင်းနှင့် သန့်စင်ခန်းများ အတွင်းသို့ ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ပြောကြားချက်အရ သိရသည်။ အမျိုးသမီးတစ်ဦးမှာ သန့်စင်ခန်းအတွင်း ပိတ်မိနေခဲ့ကြောင်း၊ သို့သော်လည်း ဒဏ်ရာရရှိမှုမရှိဘဲ ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။ ယင်းရထားလမ်းချော်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment