Saturday, February 2, 2013

နောက်ထပ် (၃)ပတ်မျှ ကွမ်ပနီ မကစားနိုင်သေးဟု မန်စီးတီး အတည်ပြု


မန်ချက်စတာ စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့် ကွမ်ပနီ အနေဖြင့် (၃)ပတ်မျှ ဆက်လက် အနား ယူနေရဦးမည်ဟု သိရှိရသည်။
မန်နေဂျာ ရောဘတ်တို မန်စီနီက အသင်း၏ အားအထားရဆုံး ဗဟို ခံစစ်မှူးကို နောက်ထပ် ကာလအတန်ကြာ လက်လွှတ် ထားရမည်ဟု ဝန်ခံခဲ့သည်။ ကွမ်ပနီသည် ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် အနားယူနေရပြီး ၎င်း၏ ဒဏ်ရာ ပျောက်ကင်းမှု အခြေအနေသည် အတန်ငယ် နှောင့်နှေးနေသည်။ ၎င်းသည် စတုတ်ခ်စီးတီး အသင်းကို အနိုင်ရသည့် FAဖလား ပွဲစဉ်တွင် ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် QPRနှင့် ဂိုးမရှိ သရေကျသော ပရီးမီးယားလိဂ် ပွဲစဉ်ကိုလည်း လွဲချော်ခဲ့သည်။
လတ်တလောတွင်မူ မန်စီနီသည် ယခုသီတင်းပတ်ကုန် လီဗာပူးလ်နှင့် ပွဲစဉ် အပါအဝင် ပွဲစဉ်အချို့ကို ကွမ်ပနီ မပါဝင်ဘဲ ဖြတ်သန်းရန် စဉ်းစားနေရသည်။ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် လိဒ်စ်ယူနိုက်တက်နှင့် ကစားမည့် FAဖလား ပဉ္စမအဆင့် ပွဲစဉ်ထိ ကွမ်ပနီ အနေဖြင့် လွဲချော်ဖွယ် ရှိနေသည်။ မန်စီနီက "ကွမ်ပနီကို ဆက်ပြီး အနားပေးထားရမှာပါ။ FAဖလား ပွဲစဉ်အပြီးလောက်မှာတော့ သူပြန်ပြီး ကစားနိုင်ပါစေလို့ ကျွန်တော် မျှော်လင့်ထားမိတယ်"ဟု ပြောကြားခဲ့သည်။ မန်စီးတီးသည် ကိုလိုတိုရေးကိုလည်း အာဖရိကဖလား ပြိုင်ပွဲအတွက် လက်လွတ် ခံထားရပြီး ခံစစ်ပိုင်းတွင် ပြဿနာများ ကြုံနေရသည်။

လတ်တလောတွင် နောက်ခံလူ မာတီဂျာ နက်စ်တာဆစ်မှာ ဒူးဒဏ်ရာ သက်သာကာစ ဖြစ်သဖြင့် လီဗာပူးလ်နှင့်ပွဲတွင် ပွဲထွက်ကစားရန် မသေချာချေ။ မန်စီနီသည် ကွင်းလယ်လူ ဟာဗီဂါစီယာကို ဂျိုလီယန် လက်စ်ကော့တ်နှင့် တွဲပေးပြီး လီဗာပူးလ်နှင့်ပွဲတွင် ဗဟိုခံစစ်ကို တည်ဆောက်ဖွယ် ရှိနေကြောင်း သိရှိရသည်။  
Ref: Sky Sports
soccer myanmar

No comments:

Post a Comment