Wednesday, February 27, 2013

နံ့သာကုန်း စက်ဘီးဝင်းအတွင်း မီးလောင်မှုဖြစ်ပွားခြင်း


နံ့သာကုန်း စက်ဘီးဝင်းအတွင်းလောင်ကျွမ်းနေသောမီးကို မွန်းလွဲ ၁နာရီခွဲတွင် မီးထိန်းနိုင်ပြီး ၁နာရီ ၄၅မိနစ်တွင် မီးငြိမ်းသတ်နိုင်ပြီဖြစ်ကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။ အဆိုပါ စက်ဘီးဝင်းအတွင်းရှိ ဦးသာအောင်နှင့်ညီများ စက်ဘီးဆိုင်မှ စတင်မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါ ဆိုင်ခန်းနှင့် တစ်ဆက်တည်း ၁၁ခန်းတွဲဆိုင်ခန်းတွင် ၈ခန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် အရာရှိတစ်ဦးကပြောသည်။ 

မီးစတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းမှာ ၀ါယာရှော့ခ်ဖြစ်၍ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါမီးကို မီးသတ်တပ်ဖွဲ့ဝင် ၁၆၀၊ သန္ဓေ အင်အား ၂၀၀၊ စုစုပေါင်း အင်အား၃၀၀ကျော်၊ မီးသတ်ယာဉ်စီးရေ အစီး၄၀ကျော်ဖြင့် ငြှိမ်းသတ်ခဲ့သည်။
ဓာတ်ပုံ-ကျော်ဇင်သန်း

7 Day News Journal

No comments:

Post a Comment