Thursday, February 28, 2013
နိုင်ဂျီးရီးယားနိုင်ငံ၌ ပြန်ပေးဆွဲခံရသည့် ပြည်ပသင်္ဘောသား ခြောက်ဦး ပြန်လွတ်
နိုင်ဂျီးရီးယားနိုင်ငံ ရေနံအလျှံပယ်ထုတ်လုပ်သော ကမ်းခြေဒေသတွင် ပြီးခဲ့သည့် ကိုးရက်က ၎င်းတို့ဖမ်းဆီးခဲ့သည့် ပြည်ပသင်္ဘောသားခြောက်ဦးကို ပင်လယ်ဓါးပြများက ဘေးအန္တရာယ် တစ်စုံတစ်ရာ မပြုဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားသည်။ ပင်လယ်ဓါးပြများသည် ဘယာဆာပြည်နယ်ကမ်းခြေမှ မိုင် ၄၀ အကွာရှိ အာမာဒါတာ့ရှ်သင်္ဘောကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် စီးနင်းတိုက်ခိုက်ပြီး အဆိုပါ ပြည်ပသင်္ဘောသား ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ ယင်းသင်္ဘောသည် နိုင်ဂျီးရီးယားနိုင်ငံသား ရာစုနှစ်အုပ်စု ကုမ္ပဏီပိုင်ဖြစ်ပြီး ဖမ်းဆီးခံရသော သင်္ဘောသားများသည် ရုရှား၊ ယူကရိန်းနှင့် အိန္ဒိယနိုင်ငံသားများ ဖြစ်သည်။ ပင်လယ်ဓါးပြများက ငွေကြေးသန်း ၂၀၀ တောင်းဆိုခဲ့သော်လည်း ၎င်းတို့အား လွှတ်ပေးရန်အတွက် ငွေကြေးမပေးခဲ့ရကြောင်း ဘယာဆာရဲတပ်ဖွဲ့ခေါင်းဆောင်က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
(ရိုက်တာ)
khitlunge

No comments:
Post a Comment