Friday, March 8, 2013
မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် အရေးယူရန် အမေရိကန်နှင့် တရုတ်သဘောတူညီ
အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ သံတမန်များနှင့် ငွေကြေးလွှဲပြောင်းပေးသူများကို ပစ်မှတ်ထားလျက် အရေးယူပိတ်ဆို့မှုတစ်ရပ် ပြုလုပ်ရေး တရုတ်နှင့် သဘောတူလိုက်ပြီဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ပြင်းထန်သော အရေးယူမှုတချို့ ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း ၀ါရှင်တန်မှ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆူဆန်ရိုစ့်က ပြောကြားသည်။ မြောက်ကိုရီးယားနိုင်ငံတွင် တတိယနှင့် အားအပြင်းဆုံး နျူကလီးယားစမ်းသပ်မှုအပြီး ပြင်းထန်သော သတိပေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ကုလသမဂ္ဂဆိုင်ရာ သံတမန်လီဘော်ဒေါင်းက ပြောကြားသည်။ စစ်ရေးလေ့ကျင့်မှုနှင့် အရေးယူပိတ်ဆို့မှု၊ ခြိမ်းခြောက်မှုများကြောင့် တောင်ကိုရီးယားနိုင်ငံနှင့် မတ် ၁၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး စာချုပ် အဆုံးသတ်မည်ဖြစ်ကြောင်း မြောက်ကိုရီးယား စစ်ဌာနချုပ်က ကြေငြာထားသည်။
(အင်တာနက်)
khitlunge

No comments:
Post a Comment