Friday, March 8, 2013

မာလီမှ ပြင်သစ်တပ်ဖွဲ့ဝင်များ ဧပြီလတွင် ရုပ်သိမ်းမည်


ပြင်သစ်နိုင်ငံအနေဖြင့် မာလီနိုင်ငံမှ ၎င်းတပ်ဖွဲ့ဝင်များကို လာမည့် ဧပြီလတွင် စတင် ရုပ်သိမ်း သွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ ဟော်လန်၏ ပြောကြားချက်ကို မတ် ၇ ရက် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ စစ်တပ်ဝင်ရောက်စွက်ဖက်မှု နောက်ဆုံးအဆင့်ကို မတ်လတွင် တောက်လျှောက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဧပြီလတွင် အချိုးကျစီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မာလီမြောက်ပိုင်း၌ ဖြစ်ပွားသည့် တိုက်ပွဲတွင် အကြမ်းဖက်သမား ခေါင်းဆောင်များ သေဆုံးခဲ့ပြီး ၎င်းတို့အမည်များကို ဖော်ထုတ်မပေးခဲ့ကြောင်း မစ္စတာ ဟော်လန်က ပြောကြားသည်။ ဂါအိုမြို့ အရှေ့ဘက် မိုင် ၆၀ အကွာ တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း ပြင်သစ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် သူပုန် ၁၀ ဦးတို့ သေဆုံးခဲ့သည်။ မာလီတွင် ဇန်န၀ါရီ ၁၁ ရက် ၎င်းတို့၏ စစ်ဆင်ရေးကို စတင်သည့် အချိန်ကတည်းက သေဆုံးသူ ပြင်သစ် တပ်ဖွဲ့ဝင် လေးဦး ရှိခဲ့သည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment