Thursday, March 21, 2013

အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီး တံတားအောက်ထိုးကျ


အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရာတရာ ပြည်နယ်တွင် ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်ပြီး တံတားအောက် ထိုးကျခဲ့မှုကြောင့် အနည်းဆုံး ၃၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ မတော်တဆမှုသည် မွမ်ဘိုင်းမြို့တောင်ဘက် ကီလိုမီတာ ၃၅ဝ ခနအကွာ ရတနာဂီရိ ခရိုင်နယ်မြေဒေသ အတွင်းရှိ မွမ်ဘိုင်း-ဂိုအာ အဝေးပြေးလမ်းမပေါ်တွင် မတ် ၁၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားမောင်းသူသည် ရုတ်တရက် အရှိန်မထိန်းနိုင်ဘဲ တံတားအောက်သို့ ထိုးကျသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက် ပြောကြားသည်။ ဘတ်စ်ကားမောင်းသူအပါအဝင် ဒဏ်ရာရရှိသူများကိုအရေးပေါ် ဆေးဝါးကုသမှုခံယူရန်နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ဘတ်စ်ကားပေါ်ရှိ ခရီးသည် အချို့တွင် ကမ္ဘာလှည့်ခရီးသွားများ ပါရှိသည်ဟု သတင်းပို့ထားသော်လည်း ရဲတပ်ဖွဲ့က ချက်ချင်း အတည်မပြုသေးကြောင်း သိရသည်။ ပြီးခဲ့သည် သုံးနှစ်အတွင်း မွမ်ဘိုင်း-ဂိုအာ အဝေးပြေးလမ်းမပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများကြောင့် လူပေါင်း ၈ဝဝ ထက်မနည်း သေဆုံးခဲ့သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment