Thursday, March 21, 2013
သမားရိုးကျလက်နက်များ ဥပဒေမဲ့ရောင်းဝယ်မှု အဆုံးသတ်ရေး နိုင်ငံတကာစာချုပ် ရေးဆွဲရန် ဆွေးနွေးပွဲစတင်
သမားရိုးကျ လက်နက်များအား ဥပဒေမဲ့ ရောင်းဝယ်မှု အဆုံးသတ်စေမည့် နိုင်ငံတကာ စာချုပ်တစ်ရပ် ပေါ်ထွန်းလာစေရန် ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅ဝ ခန့်မှ ဆွေးနွေးရေးမှူးများသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် မတ် ၁၉ ရက်က စုဝေးခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။ ကမ္ဘာတစ်ဝန်းတွင် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တစ်မိနစ်လျှင် လူတစ်ဦးနှုန်း သေဆုံးနေရသည့် ယနေ့ကာလတွင် လက်နက်များနှင့် ခဲယမ်းမီးကျောက်များ အထိန်းအချုပ်ကင်းမဲ့စွာ ရောင်းဝယ်နေမှုများ အဆုံးသတ်ရန်လိုအပ်ကြောင်း လက်နက်ထိန်းချုပ်ရေး လှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ရှေ့နေများက ပြောကြားကြသည်။ သမားရိုးကျ လက်နက်များအား ကမ္ဘာတစ်ဝန်း ရောင်းဝယ်နေသည့် ကုန်သွယ်ရေး လုပ်ငန်းမှာ ဒေါ်လာ ၇ဝ ဘီလီယံဖိုးရှိပြီး ဥပဒေမဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ရေး နိုင်ငံတကာ စာချုပ်တစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပရန် ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီဇင်ဘာလတွင် မဲပေးဆုံးဖြတ်ခဲ့သည်။ လက်ရှိကျင်းပလျက်ရှိသော ဆွေးနွေးပွဲကို မတ် ၂၈ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
(ရိုက်တာ)
khitlunge

No comments:
Post a Comment