Saturday, March 9, 2013

ချန်ပီယံ လိဂ်မှ မန်ယူ ထွက်ခွာရခြင်းကို မန်စီးတီး စိုးရိမ်နေ


ချန်ပီယံလိဂ်မှ မန်ချက်စတာ ယူနိုက်တက် ထွက်ခွာ လာရခြင်းသည် မိမိတို့ အသင်းအတွက် အလားအလာ မကောင်းတော့ဟု မန်ချက်စတာ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ဝန်ခံလိုက်သည်။
FAဖလား ပွဲစဉ်အတွက် ဘန်စလေနှင့် ကစားရန် ပြင်ဆင်နေသည့် မန်စီးတီးအသင်း မန်နေဂျာကြီးက ဥရောပ ပွဲစဉ်များကို ကျောခိုင်း လိုက်ရသည့်နောက် မြို့ခံပြိုင်ဘက်ကြီး မန်ယူသည် ပြည်တွင်း ပွဲစဉ်များကို အားသွန်ခွန်စိုက် စိတ်နှစ်ပြီး ကစား လာတော့မည်ဟု မှတ်ချက်ပြုခဲ့သည်။ မန်စီးတီးသည် လက်ရှိ အနေအထားတွင် ပရီးမီးယားလိဂ်၌ မန်ယူနောက် (၁၂)မှတ် ပြတ်ကျန်နေသည်။ မန်ချက်စတာ အခြေစိုက် နှစ်သင်းလုံးသည် FAဖလား ပွဲစဉ်များတွင်မူ ကွာတားဖိုင်နယ် အဆင့်ထိ အသီးသီး တက်ရောက်ခဲ့ပြီး ဖြစ်သည်။
မန်ယူ အသင်းသည် ရီးယဲလ်မက်ဒရစ်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာ လာသည့်နောက် အီတလီသား မန်စီနီက "ခုဆို ကျွန်တော်တို့အတွက် အခြေအနေ ပိုဆိုးလာတာ သိသာသွားပါပြီ။ မန်ယူဟာ ပြည်တွင်း ချန်ပီယံဆုအတွက် အားကုန်သုံးတော့မှာပဲလေ။ ချန်ပီယံလိဂ်မှာ သူတို့ ဆက်ရှိနေတာက တော်ဦးမယ်။ ဘာကြောင့်လဲဆိုတော့ အရေးပါတဲ့ ပွဲစဉ်တွေကို (၃)ရက်မှာ (၁)ခါလောက် ကစား ရတာက သူတို့အတွက် အခက်အခဲ ဖြစ်စေမယ် မဟုတ်လား။ ခုဆိုရင် သူတို့ဟာ ဥရောပ ပွဲတွေ မရှိတော့သလို ကျွန်တော်တို့ထက် (၁၂)မှတ် အသာ ရနေပြီ။ ဘာပဲဖြစ်ဖြစ် ရာသီကုန်ထိတော့ မန်စီးတီး အနေနဲ့ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားသွားသည်။ 
Ref: The Sun
soccer myanmar

No comments:

Post a Comment