Saturday, March 9, 2013

ခြင်္သေ့တစ်ကောင် တိုက်ခိုက်ခံရမှုကြောင့် ကယ်လီဖိုးနီးယားမှ မိန်းကလေးတစ်ဦး သေဆုံး


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တိရစ္ဆာန်ရုံတစ်ရုံ၌ ခြင်္သေ့တစ်ကောင်တိုက်ခိုက်ခံရမှုကြောင့် အသက် ၂၄ နှစ်အရွယ် စေတနာ့ဝန်ထမ်း အမျိုးသမီး သေဆုံးခဲ့ကြောင်း ပြည်နယ်သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဒီယန်နာဟန်စန်အမည်ရှိ အဆိုပါ အမျိုးသမီးသည် မတ် ၆ ရက် မွန်းလွဲပိုင်းက ကြီးမားကျယ်ပြန့်သည့် ခြံဝန်းတစ်ခုကို ရှင်းလင်းနေစဉ် လှောင်အိမ်မှ လွတ်ထွက်လာသော ခြင်္သေ့တစ်ကောင်၏ တိုက်ခိုက်ခြင်ကို ခံခဲ့ရပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ခြင်္သေ့သည် မိန်းကလေး၏ လည်ပင်းကိုချိုးခဲ့ပြီးနောက် သူမမှာ မကြာမီမှာပင် သေဆုံးသွားခဲ့သည်။ ရဲတပ်ဖွဲ့က ယင်းခြင်္သေ့ကို ပစ်သတ်ပြီး သူမအား ကယ်ဆယ်ခဲ့ကြောင်း၊ ထိုအချိန်တွင် မစ္စဟန်စန်သည် ဒဏ်ရာအချို့ ရရှိခဲ့သော်လည်း အသက်ရှင်နေသေးကြောင်း သိရသည်။ သေးငယ်သော လှောင်အိမ်အတွင်း၌ ရှိနေသည့် ယင်းခြင်္သေ့အား အစာကျွေးခဲ့ပြီးနောက် အမျိုးသမီးငယ်သည် ကြီးမားသော ခြံဝင်းအတွင်း ရှင်းလင်းနေခဲ့ကြောင်း၊ လှောင်အိမ်တံခါးသည် တစ်ဝက်တစ်ပျက် ပွင့်နေခဲ့ပြီး ခြင်္သေ့က ၄င်း၏ ခြေဖ၀ါးများဖြင့် တံခါးကို အပေါ်သို့ မတင်ရန် အခွင့်အလမ်းရရှိကာ လွတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment