Monday, March 11, 2013

အီရတ်တွင် အကြမ်းဖက်မှုဖြစ်ပွား ၊ သုံးဦးသေဆုံး


မတ် ၉ ရက်က အီရတ်နိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် သီးခြား တိုက်ခိုက်မှုများ ဖြစ်ပွားရာ လူသုံးဦး သေဆုံး၍ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ မြို့တော် ဘဂ္ဂဒက် အရှေ့တောင်ဘက်မှ ကီလိုမီတာ ၃၀ ခန့် ကွာဝေးသော အယ်လ်မာဒိန်းမြို့တွင် လမ်းဘေးဗုံးနှစ်လုံး ပေါက်ကွဲရာ လူနှစ်ဦး သေဆုံး၍ နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ နိုင်ငံအရှေ့ပိုင်း ဒီယာလာပြည်နယ်တွင် လမ်းဘေး ဗုံးနှစ်လုံး ပေါက်ကွဲရာ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံး၍ သုံးဦး ဒဏ်ရာရရှိသည်။ ဘာကျူဘာမြို့ အနီးရှိ ကျေးရွာတစ်ရွာတွင် လမ်းဘေးဗုံး ပေါက်ကွဲရာ လူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုစဉ်အတွင်း ဘဂ္ဂဒက်မြို့ အနောက်ဘက်မှ ကီလိုမီတာ ၅၀ ကွာဝေးသော ဖလူဂျာမြို့တွင် အယ်လ်ခိုင်ဒါ အဆက်အနွယ်ဟု သံသယရှိသူ တစ်ဦးအား အီရတ် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိသည်ဟု သတင်း ဖော်ပြသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment