Monday, March 11, 2013
နေစကြ၀ဠာ၏ အကြီးဆုံးမီးတောင် အင်္ဂါဂြိုဟ်ပေါ်တွင် ရှာဖွေတွေ့ရှိ
နေစကြ၀ဠာအတွင်း အကြီးဆုံးသော မီးတောင်တစ်လုံးကို အင်္ဂါဂြိုဟ်ပေါ်တွင် ရှာဖွေတွေ့ရှိကြောင်း နာဆာ သိပ္ပံပညာရှင်များက ပြောကြားသည်။ အိုလံပတ်စ်မွန်းစ်ဟု အမည်ပေးထားသော အဆိုပါ မီးတောင်သည် အချင်း ကီလိုမီတာ ၅၀၀ ကျော်ရှိပြီး အနီးဝန်းကျင် လွင်ပြင်ဒေသများကို စီးမိုးထားသော အလွန်ကြီးမားသည့် မီးတောင်တစ်လုံး ဖြစ်သည်။ အမြင့် ၁၆ မိုင်ရှိ အဆိုပါ မီးတောင်၏ အရွယ်အစားသည် အမေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ်၏ အရွယ်အစားတမျှ ရှိသည်။ မီးတောင်ကြီး၏ တောင်စောင်း ဆင်ခြေလျှောများတွင် မီးတောင်ထိပ်ဝများ မရှိသလောက် နည်းပါးသဖြင့် ဘူမိဗေဒ သက်တမ်းအရ အလွန်နုပျိုသော မီးတောင်တစ်လုံးဖြစ်သည်ဟု ဆိုသည်။ ထိုမီးတောင်သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးတောင်ဖြစ်သော ဧ၀ရတ်တောင်ထက် သုံးဆ ပိုမို မြင့်မားသည်။ အိုလံပတ်စ်မွန်းစ် မီးတောင်သည် ပေါက်ကွဲသည့်အခါ ပြင်းထန်ခြင်း မရှိဘဲ ချော်ရည်များ တောင်စောင်းတလျှောက် ဖြည်းညင်းစွာ စီးကျကြောင်း၊ အကျိုးရလဒ်အဖြစ် မီးတောင်၏ ဗြတ်မှာ နိမ့်ပြီး တောင်စောင်း ဆင်ခြေလျှောများမှာ မြင့်မားခြင်း မရှိကြောင်း နာဆာ သိပ္ပံ ပညာရှင်များက လေ့လာချက်တွင် ဖော်ပြသည်။
(အင်တာနက်)
khitlunge

No comments:
Post a Comment