ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာဒုက္ခသည်များ နေထိုင်ရာ စခန်းတစ်ခုတွင်
မတ် ၂၂ ရက်နေ့က မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ရာလူ ၄၂ ဦး သေဆုံးခဲ့ပြီး
အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေး ၀န်ကြီး ဌာနမှ
အရာရှိများက ပြောကြားခဲ့သည်။
မဲဟောင်ဆန်ပြည်နယ်ရှိ မဲဆိုင်စခန်း၌ မတ် ၂၂ ရက်နေ့ ညနေလေးနာရီအချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ရာ နှစ်နာရီအကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ယာယီတဲအိမ် ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ချက်ပြုတ်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ရသည်ဟု ထင်မြင်ယူဆလျက်ရှိပြီး မီးလောင် မှုကြောင့် သေ ဆုံးသူအများစုမှာ မိန်းမ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြကြောင်
အိမ်ခြေ ၃၇၀၀ ခန့်ရှိသော အဆိုပါစခန်းတွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု၏ အကြောင်းရင်းနှင့် ပတ်သက် ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးမည်ဟု ထိုင်းအစိုးရက ကတိပေး ပြောကြားခဲ့သည်။
ယင်းကဲ့သို့ လူအများအပြား သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ၀မ်းနည်းရကြောင်းနှင့် သေဆုံးသူဦးရေသည် ယခုလောက်အထိ မများပြားသင့်ကာ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေး သွား မည်ဖြစ်ကြောင်
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တ
ဒုက္ခသည်စခန်းတွင် နေထိုင်ကြသော လူအများစုသည် ကုလသမဂ္ဂ၏ ဒုက္ခသည်စာရင်းတွင် ပါဝင် ကြပြီး ပြန်လည်နေရာချထားရေး အစီအစဉ်အရ ဒုက္ခသည် ထောင်ပေါင်းများစွာအား အခြားနိုင်ငံ များသို့ ရွှေ့ပြောင်းရန် ခွင့်ပြုပေးထားကြောင်း သိရသည်။
ဒုက္ခသည် အများစုသည် မြန်မာနိုင်ငံအရှေ့ဘက်ရှိ ကရင်ပြည်နယ်မှဖြစ်ကြကြောင်း သိရသည်။ ယမန်နှစ် ဖေဖော်ဝါရီလကလည်း အခြားနယ်စပ် ဒုက္ခသည်စခန်းတစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သောကြောင့် လူနေအိမ်ခြေ ရာပေါင်းများစွာ ပျက်စီးခဲ့ရပြီး အာဏာပိုင်များကလည်း ချက်ပြုတ်ရာမှတစ်ဆင့် မီးလောင်ခဲ့သည်ဟုပင် ပြောကြားခဲ့ကြသည်။
EMG


No comments:
Post a Comment