Saturday, March 16, 2013

ကမ္ဘာ့ အသေးငယ်ဆုံးစာအုပ် ဂျပန်နိုင်ငံက ပုံနှိပ်ထုတ်ဝေ


ဂျပန်နိုင်ငံ ပုံနှိပ်ထုတ်ဝေရေး ကုမ္ပဏီတစ်ခုက စာရွက် တစ်မျက်နှာစီလျှင် ဒသမ ၀၃ လက်မ သာရှိသော ကမ္ဘာ့ အသေးငယ်ဆုံး စာအုပ်ဟု ယုံကြည်ရသည့် စာအုပ်ကို ဖန်တီး ထုတ်ဝေခဲ့ကြောင်း မတ် ၁၄ ရက်က ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ အဆိုပါ စာအုပ်တွင် ပန်းပွင့်များ၏ အမည်များနှင့် ရေးဆွဲထားသည့် ရုပ်ပုံများ ပါရှိကြောင်း၊ ယင်းစာအုပ်ကို ပကတိမျက်စိဖြင့် ဖတ်ရှု၍ မရနိုင်ကြောင်း၊ မှန်ဘီလူးတစ်ခု အပါအ၀င် ဆိုက်ကြီး ကော်ပီ တစ်အုပ်လျှင် အမေရိကန် ဒေါ်လာ ၃၀၅ ဒေါ်လာဖြင့် ရောင်းချခဲ့ရကြောင်း တော့ပန်ပုံနှိပ် လုပ်ငန်း ကုမ္ပဏီမှ ပြောကြားချက်ကို သည်ဒေးလ်လီးတယ်လီဂရပ်ဖ် သတင်းစာက မတ် ၁၃ ရက် တွင် ဖော်ပြသည်။ ယင်းစာအုပ်ကို ကမ္ဘာ့ ဂင်းနက်စ်မှတ်တမ်း ပြုစုရေးအဖွဲ့သို့ တင်ပြထား ခဲ့ကြောင်း၊ လောလောဆယ်တွင် ချာမီလွန်ဟု ခေါ်သော စာမျက်နှာ ၃၀ ပါရှိသော ရုရှားစာအုပ်သည် ကမ္ဘာ့ အသေးငယ်ဆုံး စာအုပ်အဖြစ် စာရင်းဝင်လျက် ရှိသည်။ (ဆင်ဟွာ)
khitlunge

No comments:

Post a Comment