Saturday, March 16, 2013

မတ်လ ၁၅ ရက် မှ ၂၁ ရက်အထိ (၇) ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
စိတ်ပြေလက်ပျောက် ခရီးစဉ်လေး တစ်ခု ထွက်ဖြစ်မည်။ အချစ်ရေးအတွက် ခေါင်းရှုပ်ရတတ်သည်။ ရစရာငွေ နှင့်   ပေးစရာငွေတို့ ပြောစ ရာဖြစ်နေမည်။ ဆွေမျိုးသားချင်းကြား ၊ မောင်နှမကြား ၊ ချစ်သူ ၂ ဦးကြား ၊ လင်မယားကြား ဝင်ရှုပ်သလို ဖြစ်၍ ပြဿနာတက်တတ်သည်။ မရည်ရွယ် မစဉ်းစားမိဘဲ လက်ထပ်ဖြစ်မည်။ (သို့မဟုတ်) ခိုးပြေးဖြစ်မည်။ အတိုက်အခံ ပြောရပြီးမှ ငွေရခြင်း ၊ အလုပ်အဆင်ပြေခြင်းတို့ဖြစ်မည်။ အဒေါ် (သို့မဟုတ်) ဦးလေး အတွက် ကျန်းမာရေးဂရုစိုက်ပါ။ အလုပ်ပြောင်းရွှေ့ရမည်။ စာမေးပွဲ ဖြေဆိုနေသူများ အောင်မြင်မှုရမည်။  အပူလောင်ခြင်းထိခိုက်အနာတရ ဖြစ်တတ်၍ ဂရုစိုက်ပါ။
အကျိုးပေးသောနံပါတ်            - ၁၊ ၆၊ ၉ ။
အထူးဟော               - စိတ်ရှုပ်ပြီးမှ စိတ်တိုင်းကျ ဖြစ်မည်။
ယတြာ           - တနင်္ဂနွေ နေ့ မနက်တွင် အိမ်သန့်ရှင်းရေး တစ်ခုလုပ်၍ ဆုတောင်းပါ။
 
တနင်္လာ
သင်၏ စိတ်ကူးယဉ်မှု့ ဆုတောင်းမှု ရည်ရွယ်မှု့များ ဤတစ်ပတ်အတွင်း မုချအောင်မြင်မည်။ အဝေးမှ ကောင်းသတင်းကြား ရမည်။ ငွေရပေါက်ရလမ်းများ ဖြစ်လာမည်။ လုပ်ငန်းအကြီးအကဲတို့ ကူညီစောင့်ရှောက်မှု ပေးမည်။ အမှတ်တမဲ့ ထိုးသော ထီလက်မှတ် ပေါက်မည်။ ငယ်ရွယ်သူသားချင်းဆွေမျိုး တို့အတွက် ဝမ်းသာစရာ သတင်းကြားရမည်။ ကျန်းမာရေးမှာ ခေါင်းကိုက် ၊ မူးဝေ ၊ ဗိုက်အောင့် ၊ ခြေလက်နာကျင်မှုမှ လွဲ၍ ကြီးကြီးမားမား မဖြစ်ပါ။ အချစ်ရေးကံကောင်းမည်။ လက်ထပ်ခွင့်တောင်းမည်။ ငယ်ရည်းစားနှင့်မရနိုင်ပါ။ လူမျိုးကွဲ အကျိုးပေးမည်။ စက် ၊ ယာဉ် အပြောင်းအလဲ လုပ်ဖြစ်မည်။ ကောင်းသည်။
 
အကျိုးပေးဂဏန်း         - ၂၊ ၄၊ ၈။
အထူးဟော               -ကံကောင်းမည်။
ယတြာ           - အရှေ့ရပ်သို့ မျက်နှာမူပြီး ငါးအရှင် သက်စေ့ ဝယ်လွှတ်၍ လိုရာဆုတောင်းပါ။
 
အင်္ဂါ
ယခင်က မပြီးပြတ်သေးသော အမျှင်မပြတ်ပဲ ရှုပ်နေသော အချစ်တွေ ဒီတပတ်ရှင်းပြီလို့ မှတ်ပါ။ ရပ်ဝေးခရီး တွေရောက်မည်။  ရုတ်တရက် ခိုက်မိတတ်၍ ဂရုစိုက်ပါ။ ငွေကြေးကိစ္စ များ စကားရှုပ်မည်။ မိသားစု အရေးပူစရာများဖြစ်လာမည်။ စက် ၊ ယာဉ်တို့ပြောင်းလဲမှုဖြစ်မည်။ မြေကွက်ရောင်းဝယ် မှု့ဖြစ်မည်။ အိမ်ထောင်ပြုဖြစ်မည်။ ကျော်တော့ လှေသူကြီး ညားတော့   လှေထိုးသားဖြစ်လာမည်။ ယူခါနီး အဆင်မပြေ ဖြစ်မည်။ သင်၏ စိုးမိုးဆရာလုပ်ခြင်းကိုမ လိုလားသောကြောင့် အတူနေ တို့ လမ်းခွဲတတ်သည်။ စကားပြောဆင်ခြင်ပါ။ စပ်တူရှယ်ယာ မလုပ်သင့်ပါ။ မကြာမှီ  ခရီးထွက်ရမည်။
 
အကျိုးပေးဂဏန်း         - ၃၊ ၅၊ ၈။
အထူးဟော               - ဆင်ခြင်မှုပြုပါ။
ယတြာ                     - မွေးနေ့တွင် အိမ်ဘုရားကို အုန်းဆွမ်းကပ်လှူပါ။
 
ဗုဒ္ဒဟူး
ဒီတပတ်တော့ သင်ပြောတာတွေ ဆောင်ရွက်တာ တွေ ဟုတ်နေ မှန်နေ  အဆင်ပြေနေမည်။ စာမေးပွဲ ဖြေဆိုမှုအောင်မြင်မည်။ ရည်းစားများလာမည်။ ချစ်သူ ၁ယောက် အထင်လွဲ စွပ်စွဲမှုခံရမည်။ လက်ဆောင်ကောင်းတစ်ခုရမည်။ သူများ ချစ်သူက သင့်ဘက်သို့ လှည့်လာမည်။ ခရီးယာယီမြင်သည်။ အိမ်ထောင်ဖက်နှင့် ခေတ္တခွဲနေရတတ်သည်။ အလုပ်ရာထူးတက် မည်။ နေရာပြောင်းရွှေ့ရမည်။ ကြီးကဲ ၊ မိသားစု တို့၏ အပြစ်တင် ငြိုငြင်ခြင်းခံရမည်။ ရင် ၊ ဝမ်း ဥပါဒ်ပေးတတ်၍ ဂရုစိုက်ပါ။ ငွေဝင်မည်။ ရစရာငွေတို့ရမည်။ ရှယ်ယာလုပ်ငန်းမကောင်းပါ။ မြေအိမ်ဆောက်လုပ် ၊ ပြင်ဆင် ၊ရောင်းဝယ်မှုတွေဖြစ်လာမည်။
 
အကျိုးပေးဂဏန်း         - ၄၊ ၉၊ ၆။
အထူးဟော               - ဆန္ဒမစောပါနှင့်။
ယတြာ           - တန်ခိုးကြီး ဘုရား ကို ရွှေသင်္ကန်း ကပ်လှူပါ။
 
ကြာသပတေး
ပွင့်လင်းပြတ်သား အပြောကြမ်းမှု နှင့် ငါသိငါတတ်ငါဆရာ လုပ်ချင်သော မာန်ကြောင့် လူခင်ခြင်းစိတ်ဝမ်းကွဲ မည်။ အလုပ်မှာ အတိုက်အခံတွေကြုံမည်။ ငွေကြေးကိစ္စ စကားပြောရတတ်သည်။ မိသားစု အရေးစိတ်ရှုပ်ရမည်။ လုပ်ဖော်ကိုင်ဖက် ခြင်း အဆင်မပြေဖြစ်မည်။ ခရီးဝေးတွေရောက်မည်။ ဝင်ငွေထက်ထွက်ငွေ ကြမ်းမည်။ ထီိထိုးပါ။ထီပေါက်မည်။ ပညာရေးကောင်းသည်။ စာမေးပွဲဖြေဆိုမှု့အောင်မြင်မည်။ ပစ္စည်းပျောက်ကိန်းရှိသည်။ အရှေ့မြောက် အရပ်ရှောင်ပါ။ လူယုံမထားရ။ မိခင်ကျန်းမာရေး ဂရုစိုက်ပါ။ ချူချာမည်။  
 
အကျိုးပေးဂဏန်း         - ၀၊ ၇၊ ၅။
အထူးဟော               - အခက်အခဲ ကြုံပြီးမှ အဆင်ပြေမည်။
ယတြာ           - ကြာသပတေးနေ့နံနက်တွင် အနောက်အရပ်ကို ငွေ ၁၀၀ ပံ့သကူပြုပါ။
 
သောကြာ
 
စဉ်းစားပြီးမှ ဆုံးဖြတ်ပါ ပြောတိုင်းမယုံနှင့်။ ကြုံတိုင်းလည်း မလိုက်နှင့် ။ ချစ်၍ ခေါ်တိုင်းလည်း မလိုက်ပါနှင့်။ ဤ တပတ် အတွင်း အညှာမလွယ်ပါ နှင့် မှားတတ်သည်။  ရစရာငွေတို့ မရတတ်ပါ။ လူလိမ် ငွေလိမ်ခံရတတ်သည်။ ခြေထောက်ပိုင်း အနာရမည်။ ယာဉ်အမြန်မမောင်းပါနှင့် ယာဉ်တိုက် ၊ ယာဉ်မှောက် ခံရကိန်းရှိသည်။ ချစ်သူတွေ့ကိန်းရှိသည်။ ခရီးများနေတတ်သည်။ အပေါင်းအသင်း က တိုက်တွန်းမှု့များနေမည်။ အပေါင်းအသင်းမှားနေမည်။ အအို(အိမ်ထောင်ရှိသော အမျိုးသား၊ အမျိုးသမီး) ကိုရှောင်ပါ။ အလုပ်ရာထူးတက်မည်။ နေရာရွှေ့ပြောင်းရမည်။ ငွေကြေးကိစ္စ ပြောရမည်။ ထီထိုးပါ။ ထီပေါက်မည်။ စက်ပစ္စည်း ဝင်ထွက်မည်။ စပ်တူရှယ်ယာလုပ်၍ မကောင်းသေးပါ။ တောင်အရပ်မှ သတင်းကောင်းကြားရမည်။ အလုပ်ရမည်။ အင်တာဗျုးများ ၊ စာမေးပွဲများအောင်မြင်မည်။
 
အကျိုးပေးဂဏန်း         - ၁၊ ၆၊ ၉။
အထူးဟော               - အဆင်ပြေနေသော ကာလဖြစ်မည်။
ယတြာ           - သောကြာနေ့နံနက်တွင် သောကြာနံဘုရားကို ထီးနီ ၇ လက် ကပ်လှူပါ။
 
စနေ
ဤ တစ်ပတ်အတွင်းမှာတော့ သင်၏ လုပ်ဆောင်ချက်များ အဖြေပေါ်မည်။  အဖြေကောင်းပါသည်။ အဖြေ ၂ မျိုးက ကောင်းနေ၍ ဘယ်တစ်ခုကို ရွေးချယ်သင့်သလဲ ဆိုတာ စဉ်းစားစရာဖြစ်နေမည်။ ဘာကိုပဲ ရွေးချယ်ရွေးချယ် သင့်ဘက်က ကံကောင်းနေမှာ အသေအချာပါပဲ။  စာမေးပွဲဖြေဆိုမှု့ကောင်းပါသည်။ အောင်မြင်မည်။ အပေါင်းအသင်းကောင်း  မိတ်ဆွေကောင်း ချစ်သူကောင်းတွေ့မည်။ စွန့်စားမှု့ စူးစမ်းမှု့များအောင်မြင်မည်။ ရစရာငွေတို့ ဝင်မည်။ ရပေါက်ရလမ်းများများလာမည်။ အလုပ်အကိုင်အဆင်ပြေမည်။ ခရီးဝေးတွေ ရောက်မည်။ မရောက်ဘူးသော ခရီးတို့ရောက်မည်။ စက်ပစ္စည်းတို့ ဝင်မည်။ အချစ်ရေးမှာ မင်္ဂလာမြင်သည်။ အိမ်ထောင်ရေးမှာ သာယာမည်။ ကိုယ်ပိုင်အလုပ် ၊ရှယ်ယာအလုပ်အောင်မြင်မည်။ အင်တာဗျုးအောင်မြင်မည်။ မိဘသားချင်းမောင်နှမအတွက် စိတ်ချမ်းသာရမည်။
အကျိုးပေးဂဏန်း         - ၁၊ ၂၊ ၇။
အထူးဟော               - အားလုံကံကောင်းမှုတွေ မုချတွေ့မည်။
ယတြာ           - စနေနေ့ မနက်တွင် စနေနံဘုရားကို ထီးနီ ၉ လက် ကပ်လှူပါ။
ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST) 

No comments:

Post a Comment