Sunday, March 24, 2013

လန်ဒန် အိုလံပစ် အားကစားရုံကို အိမ်ကွင်းအဖြစ် ပြောင်းလဲ အသုံးပြုခွင့် ရသွားသည့် ဝက်စ်ဟမ်း


ဝက်စ်ဟမ်း ယူနိုက်တက် အသင်းသည် လန်ဒန် အိုလံပစ် အားကစားရုံကြီးကို ၎င်းတို့၏ အိမ်ကွင်း အဖြစ် အတည်ပြု ကြေညာလိုက်ပြီ ဖြစ်သည်။
သောကြာနေ့က အဆိုပါ ကိစ္စအတွက် ညှိနှိုင်းမှု အစုစု ပြီးပြတ်သွားသည့်နောက် ယခုရာသီ ပရီးမီးယားလိဂ်သို့ တန်းတက်လာသည့် ကလပ် အသင်းသည် (၂၀၁၂)၊ လန်ဒန်အိုလံပစ် အတွက် ရည်ရွယ် တည်ဆောက်သော အဆိုပါ အားကစားရုံကြီးအား အသုံးပြုခွင့် ရရှိသွားပြီ ဖြစ်သည်။ (၉၉)နှစ် သက်တမ်းရှိ ကွင်းအငှားစာချုပ် အတွက် လန်ဒန်ကော်ပိုရေးရှင်း တစ်ခုဖြစ်သော LLDCနှင့် ဝက်စ်ဟမ်း အသင်းတို့ သဘောတူညီမှု ရရှိခဲ့သည်။ အိုလံပစ် အားကစားရုံကြီးအား ဝက်စ်ဟမ်းက ပရိသတ် (၅၄၀၀၀)ဆံ့ ကွင်းကြီးအဖြစ် ပြောင်းလဲသွားမည်ဟု သိရှိရသည်။
စထရတ်ဖို့ဒ် အရပ်ရှိ အားကစားရုံကြီးကို အဆင့်မြင့် အားကစားရုံအဖြစ် ပြောင်းလဲ တည်ဆောက်ရေးသည် ပေါင်စတာလင် သန်း(၁၅၀)မျှ ကုန်ကျနိုင်ပြီး ဝက်စ်ဟမ်းအသင်းက (၂၀၁၆)ခုနှစ်တွင် အပ်တန်ပါ့ခ်ကို စွန့်ခွာကာ ကွင်းသစ်ကြီးသို့ ပြောင်းရွှေ့နိုင်ရန် မျှော်လင့်ထားသည်။ ဝက်စ်ဟမ်းနှင့် LLDCတို့သည် ကာလရှည်ကြာ ညှိနှိုင်းမှုများ ပြုလုပ်နေခဲ့ပြီးနောက် ယခုသီတင်းပတ် အတွင်းမှ အတည်ပြု သဘော တူညီချက် ရရှိလာခြင်း ဖြစ်သည်။ ဝက်စ်ဟမ်းသည် (၂၀၁၇)ခုနှစ် ကမ္ဘာ့ အပြေးချန်ပီယံရှစ် ပြိုင်ပွဲတွင် ယင်းကွင်းကို ပြန်လည် အသုံးပြုရန် ခွင့်ပြုရမည်ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။  
Ref: Sky Sports
soccer myanmar

No comments:

Post a Comment