Sunday, March 24, 2013

၂၀၁၂-၂၀၁၃ တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၅၀၀၀ ခန့် ပျက်ကွက်


အောက်မြန်မာပြည်တွင် ၂၀၁၂-၂၀၁၃ နှစ်အတွက် တက္ကသိုလ် ၀င်တန်း ဖြေဆိုသူ စာရင်းရှိ ဦးရေ ၁၅၅၇၉၀တွင် လာရောက်မ ဖြေသူ ၁၅၀၀၀ ကျော်ခန့်ရှိကြောင်းအမှတ်(၁) အခြေခံပညာ ဦးစီး ဌာန အောက်မြန်မာပြည်မှ သိရသည်။
ယင်းကဲ့သို့လာရောက် မဖြေဆိုသူများတွင် ဇီဝဗေဒဘာသာတွဲတွင် စာရင်းရှိ ၃၁၃၅၁တွင် ပျက်ကွက်သူ ၁၉၁၆ ဦး၊ ဘောဂဗေဒ ဘာသာ တွဲတွင် စာရင်းရှိ ၁၂၄၂၉၀ တွင်ပျက်ကွက်သူ ၁၂၀၉၂ ဦးရှိပြီး ဝိဇ္ဇာတွဲ ဖြေဆိုရန် ပျက်ကွက်သူ ၂၁၁၂ဦးရှိကြောင်း သိရှိရသည်။

၂၀၁၁-၂၀၁၂နှစ်က အောက်မြန်မာပြည်တွင် စာရင်းရှိ ၁၅၁၁၉၆ ဦးတွင် ဖြေဆိုရန်ပျက်ကွက်သူ ၁၆၄၄၈ ဦး ရှိပြီး ပျက်ကွက်သူ ၉.၂ ရာခိုင်နှုန်းခန့်ရှိပြီး၂၀၁၂-၂၀၁၃ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါကယခုနှစ်တွင် စာမေးပွဲ လာရောက်မဖြေဆိုသူ ပိုများကြောင်းသိရသည်။

အောက်မြန်မာပြည်တွင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီ တိုင်းတို့ ပါဝင်ပြီးပဲခူးတိုင်းတွင် ပဲခူးတိုင်း အရှေ့နှင့် ပဲခူးတိုင်းအနောက်ဟူ၍အုပ်စုနှစ်ခု ခွဲထားကြောင်း သိရ သည်။

ရည်မွန်
The Myanma Age

No comments:

Post a Comment