Saturday, March 9, 2013
တောင်ကိုရီးယားနှင့် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေးစာချုပ် မြောက်ကိုရီးယားက ဖျက်သိမ်းကြောင်း ကြေညာ
မြောက်ကိုရီးယားက တောင်ကိုရီးယားနိုင်ငံနှင့် ချုပ်ဆိုထားသည့် ကျူးကျော်ရန်မစရေး စာချုပ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မတ် ၈ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ တောင်ကိုရီးယားနှင့် ထိပ်သီးများ ဆက်သွယ်ပြောဆိုသည့် ဖုန်းလိုင်းကိုလည်းကောင်း၊ နယ်ခြားစစ်ဆေးရေး ဂိတ်ကိုလည်းကောင်း ပိတ်လိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားက ကြေညာသည်။ အဆိုပါ ကြေညာချက်သည် ကုလသမဂ္ဂက မြောက်ကိုရီးယားအား ပြီးခဲ့သည့်လက နျူကလီးယား စမ်းသပ်မှုဖြင့် အရေးယူအပြစ်ပေးမှု ဆုံးဖြတ်ချက်အသစ် ချမှတ်လိုက်ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ စောစောပိုင်းတွင် ပြုံယမ်းက ၄င်းအား ကျူးကျော်ရန်စသူများကို နျူကလီးယားနှင့် တိုက်ခိုက်မှု ပြုလုပ်နိုင်ကြောင်း ပြောကြားသည်။ မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းသည် ၂၀၁၀ ခုနှစ်က တောင်ကိုရီးယား ကျွန်းတစ်ကျွန်းကို တိုက်ခိုက်ခဲ့သည့် ရှေ့တန်းစစ်မျက်နှာပြင်သို့ သွားရောက်လိမ့်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ (ဘီဘီစီ)
khitlunge

No comments:
Post a Comment