Saturday, March 9, 2013

အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ ဖုန်းကြားဖြတ် နားထောင်မှုဖြင့် ထောင်တစ်နှစ် ချမှတ်ခံရ


အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီအား ၂၀၀၆ ခုနှစ်က ဘဏ်တစ်ခု၏ ဖုန်းလိုင်းကို ကြားဖြတ်နားထောင်ပြီး ၄င်း၏ မိသားစုပိုင် သတင်းစာတစ်စောင်တွင် မကောင်းသတင်း ဖော်ပြမှုဖြင့် အီတလီ တရားရုံးတစ်ရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သည်။ မစ္စတာ ဘာလူစကိုနီသည် နိုင်ငံရေး ပြိုင်ဘက်တစ်ဦး၏ ဖုန်းလိုင်းကို ကြားဖြတ်ခိုးနားထောင်ပြီး ၄င်း၏ ညီဖြစ်သူ သတင်းစာတွင် ပုံနှိပ်ဖော်ပြခဲ့ကြောင်း စွပ်စွဲခံနေရသည်။ ၄င်းအား ထောင်ဒဏ်ချမှတ်ထားသော်လည်း အယူခံကာလအတွင်း ဆက်လက် လွတ်မြောက်နေမည်ဟု ဆိုသည်။ အီတလီဥပဒေအရ အသက် ၇၆ နှစ်ရှိ မီဒီယာသူဌေးကြီး ဘာလူစကိုနီသည် အယူခံမှုများ ဖြေလျှော့ပေးသည့်တိုင်အောင် ထောင်ဒဏ် ချမှတ်ခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်ဟု ဆိုသည်။ ၄င်းသည် အခွန်အတုတ် လိမ်လည်မှုနှင့် ပတ်သက်ပြီးလည်း အယူခံဝင်လျက်ရှိသည်။ သို့သော် ဘာလူစကိုနီသည် အီတလီဥပဒေအရ အသက် ၇၆ နှစ်ကျော်ပြီဖြစ်၍ နေအိမ်အကျယ်ချုပ် ချမှတ်ခံရနိုင်သည်။ 
(ရိုက်တာ)
khitlunge

No comments:

Post a Comment