Friday, March 15, 2013

သီရိလင်္ကာတွင် ဟာလာအမှတ်တံဆိပ် ရုပ်သိမ်း


နိုင်ငံတ၀န်း တင်းမာမှုများ မြင့်မားလာမှုကြောင့် ပြည်တွင်း ရောင်းချသည့် စားသောက်ကုန်များပေါ်တွင် ဟာလာ အမှတ်တံဆိပ် ရိုက်ခွင့်ပြုတော့မည် မဟုတ်ဟု သိရသည်။ သီရိလင်္ကာ ထုတ်ကုန်စက်မှု လုပ်ငန်းရှင်များ အဖွဲ့နှင့်  ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ထဲထဲဝင်ဝင် ဆွေးနွေး ညှိနှိုင်းပြီးနောက် ယင်းသို့ ဆုံးဖြတ်ခဲ့ ကြခြင်း ဖြစ်သည်။ ပြည်တွင်း ထုတ်ကုန်များ၌ အဆိုပါ အမှတ်တံဆိပ် မပါရသော်လည်း ပြည်ပ ပို့ကုန်များတွင်  ခတ်နှိပ်လိုက ခတ်နှိပ်နိုင်ကြောင်း သိရသည်။ ဟာလာ အမှတ်တံဆိပ်ကို လိုအပ်လျှင် ခတ်နှိပ်နိုင်ကြောင်း၊ မခတ်မနေရ မဟုတ်ကြောင်း စက်မှုလုပ်ငန်းရှင်များ ဥက္ကဋ္ဌမှ ဆိုသည်။ အယူဝါဒ မတူသူများ ပူးပေါင်း နေထိုင်သော သီရိလင်္ကာကဲ့သို့ နိုင်ငံမျိုးတွင် ဤကိစ္စမျိုးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြင်း အတွက်လည်း ကျေနပ်မိကြောင်း ဘုန်းတော်ကြီး ဘဒ္ဒန္တ အရှင် ဘေလမ်ဝီလာဝိမလက ဆိုသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment