Friday, March 15, 2013
မန်ယူနှင့် ရွန်နီတို့၏ အနေအထားကို လီဝင်ဒေါစကီး စောင့်ကြည့်နေ
မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် တိုက်စစ်မှူး ဝိန်းရွန်နီတို့ကြား အခြေအနေသည် ဘိုရပ်ရှားဒေါ့တ်မန် တိုက်စစ်မှူး လီဝင်ဒေါစကီးအတွက် အလေးထား စောင့်ကြည့်စရာ ဖြစ်လာကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပိုလန် လက်ရွေးစင် တိုက်စစ်သမားသည် ရာသီကုန်တွင် ဂျာမန်ချန်ပီယံ အသင်းမှ ထွက်ခွာမည်ဟု အတည်ပြုထားပြီး ၎င်းကို မန်ယူကလည်း စိတ်ဝင်စားခဲ့သည်။ သို့သော်လည်း မန်ယူတွင် တိုက်စစ်သမားကောင်း (၄)ဦးထိ ရှိနေရာ လီဝင်ဒေါစကီးသာ ရောက်လာပါက ၎င်းအနေဖြင့် ပုံမှန်ပွဲထွက်နေရာအတွက် အာမခံချက် နည်းပါးမည် ဖြစ်သည်။ ထိုအခြေအနေကို လီဝင်ဒေါစကီး၏ အေးဂျင့်များက အလေးအနက် သုံးသပ်နေချိန်တွင် မန်ယူအသင်းမှ ရွန်နီ ထွက်ခွာနိုင်ကြောင်း သတင်းများက ဖော်ပြလာခဲ့သည်။
အသင်းမန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ယင်းဖော်ပြချက်များကို ငြင်းဆန်ခဲ့သော်လည်း ရွန်နီအနေဖြင့် နွေရာသီတွင် အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းနိုင်ကြောင်း ခန့်မှန်းချက်များ အားကောင်းနေဆဲ ဖြစ်သည်။ အကယ်၍ ရွန်နီသာ မန်ယူမှ ပြောင်းရွှေ့သွားပါက လီဝင်ဒေါစကီး အနေဖြင့် မန်ယူတွင် ပုံမှန်ပွဲကစားခွင့် ပိုမိုရရှိနိုင်မည့် အလားအလာများ ရှိနေခြင်းကြောင့် အဆိုပါ အခြေအနေကို မျက်စိဒေါက်ထောက် လေ့လာနေခြင်းဟု သတင်းများက ဆိုသည်။ လီဝင်ဒေါစကီးကို မန်ယူအပြင် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ကလည်း ချိတ်ဆက်နေသည်။ ဒေါ့တ်မန်သည် လီဝင်ဒေါစကီး နေရာတွင် အစားထိုးရန် မန်ချက်စတာ စီးတီး တိုက်စစ်မှူး အီဒင်ဂျက်ကိုအား စိတ်ဝင်စားနေကြောင်းလည်း သိရှိရသည်။
Ref: The Sun
soccer myanmar

No comments:
Post a Comment