Saturday, March 16, 2013

ပါကစ္စတန်တွင် ခရစ်ယာန် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ပဋိပက္ခဖြစ်


တမန်တော် မိုဟာမက်ကို ဆန့်ကျင်သော ပြုမူ ပြောဆိုမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ပါကစ္စတန် နိုင်ငံ လာဟိုးမြို့ရှိ ခရစ်ယာန် ဘာသာဝင်များ၏ နေအိမ် ၁၇၀ ခန့်ကို လူစုလူဝေးဖြင့် မီးရှို့ခဲ့ခြင်းကို ဆန့်ကျင် ကန့်ကွက်သော ခရစ်ယာန် ဆန္ဒပြသူများနှင့် ပါကစ္စတန် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။ ပါကစ္စတန်တွင် အနည်းဆုံး မြို့ကြီးနှစ်မြို့၌ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ခရစ်ယာန် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ နံပါတ်တုတ်များ သုံး၍ ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူများထဲမှ ခြောက်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောကြားသည်။ ခရစ်ယာန်များ၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သူဟု ယူဆရသူ လူ ၁၅၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်းကိုလည်း လာဟိုးမြို့ ရဲတပ်ဖွဲ့က ပြောကြားသည်။ ပါကစ္စတန် နိုင်ငံတွင် ထုတ်ပြန်ထားသော ဘာသာရေး စော်ကားမှု ဥပဒေသည် ပါကစ္စတန်ရှိ ခရစ်ယာန်များကို မကြာခဏ ပစ်မှတ်ထားလျက် ရှိကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားသည်။ ၂၀၁၁ ခုနှစ်တွင် အဆိုပါ ဘာသာရေး စော်ကားမှု ဥပဒေကို ပြုပြင်ပြောင်းလဲရန် တိုက်တွန်းခဲ့သော နိုင်ငံရေးသမား နှစ်ဦး လုပ်ကြံ ခံခဲ့ရသည်။ 
(The Voice)
khitlunge

No comments:

Post a Comment