Saturday, March 16, 2013

ထိုင်းမှလှူသည့် ၁၂၀ မီဂါဝပ် မီးစက် ဒုတိယအလုံး ရောက်ရှိ

ထိုင်းနိုင်ငံက လှူဒါန်းသည့် မီးစက်နှစ်လုံးအနက် ကျန်ရှိသည့် (120 MW) မီဂါဝပ် ၁၂၀ ထွက်ရှိမည့် မီးစက် တစ်လုံးနှင့် ဆက်စပ် ပစ္စည်းများမှာ မတ်လ(၁၉)ရက်နေ့၌ ရန်ကုန် ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့ ရောက်ရှိမည်   ဖြစ်သည်။
 
၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ(၉) ရက်နေ့ကရောက်ရှိလာခဲ့သည့် ပထမမီးစက်အား စီမံကိန်းတည်ရှိရာ ရွာမ ဓါတ်အားပေး စက်ရုံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း မီးစက်များသယ်ယူပို့ဆောင်ရေးနှင့်လုံခြုံရေး ထာဝန်ယူထား သော အင်ကြင်းကုမ္ပဏီထံက သိရသည်။
 
 “ ပထမတစ်စုံပို့တုန်းက မီးစက်ကြီးက အရမ်းကြီးတော့ သယ်ယူတဲ့နေရာမှာ တော်တော်အခက်အခဲ ရှိတယ်။ ဆိပ်ကမ်းက ၀င်ခွင့်မပေးဘူ။ သယ်ယူချိန် (၁၃)ရက်လောက်ကြာသွားတယ်။အခုတစ်ခေါက်တော့ အဲဒီလို မဖြစ် ရအောင် သက်ဆိုင်ရာ ဌာနအကုန်လုံး ကြိုပြီး အကြောင်းကြားထားပါတယ်ဟု အင်ကြင်းကုမ္ပဏီ အထွေထွေ မန်နေဂျာဦးအောင်ကျော်ဆန်း(စီမံရေးရာဋ္ဌာန)က ပြောသည်။
 
ယခုရောက်ရှိမည့် ဒုတိယမီးစက်တွင် ပစ္စည်းအစုံပေါင်း(၄၀၀)ကျော်ပါဝင်ကြောင်း သိရသည်။
 
အဆိုပါမီးစက်ကို ဗိုလ်အောင်ကျော်ဆိပ်ခံတံတားမှ ကမ်းနားလမ်း-သခင်မြပန်းခြံလမ်း၊ အောက်ကြည့်မြင်တိုင် လမ်း-ဗဟိုလမ်း၊ အလုံလမ်း-ပြည်လမ်း၊ ဂျပန်လမ်း-အောက်မင်္ဂလာဒုံလမ်း များကိုဖြတ်သန်း၍ ရွာမလျှပ်စစ် ဓါတ်အားပေး စက်ရုံသို့ သယ်ယူမည်ဖြစ်သည်။
 
 “သယ်ယူမယ့် အစီအစဉ်ကတော့ ဆယ်တန်းစာမေးပွဲပြီးမှပဲ သယ်ယူဖြစ်ဖို့များပါတယ်၊ ကလေးတွေ စာမေးပွဲ အတွက် မီးက အမြဲမပြတ်ပေးထားရလို့ပါဟု အင်းစိန်လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။
 
တက္ကသိုလ်ဝင်တန်းစာမေးပွဲများမှာ မတ်လ(၁၃)ရက်နေ့မှစတင်ကာ (၂၂)ရက်နေ့၌ ပြီးဆုံးမည်ဖြစ်သည်။
သယ်ယူမည့်ပစ္စည်းများမှာ ထုထည်ကြီးမားခြင်း၊ အလေးချိန်လေးလံခြင်းတို့ကြောင့် သယ်ယူမည့် လမ်းတလျောက်ရှိ ပြည်သူများ၊ ယာဉ်များ၊ လမ်းမီးများ၊ အတားအဆီးများကို ထိခိုက်မှုနှင့် အနှောင့်အယှက် မရှိစေရေး ကြိုတင်ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်သဖြင့် ခေတ္တလျှပ်စီးမီး ဖြတ်တောက်မှုကြုံရမည် ဖြစ်ကြောင်းကိုလည်း သိရသည်။
ရွှေစင်စုလတ်(မြစ်မခ)

No comments:

Post a Comment