Friday, March 8, 2013

ပီရူးနိုင်ငံအနောက်မြောက်ပိုင်းတွင် ဂျက်လေယာဉ်ပျက်ကျ၊ ကိုးဦးသေဆုံး


သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုမှ လူများတင်ဆောင်လာသော ဂျက်လေယာဉ်တစ်စင်းသည် ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း လာလီဘာတက်ဒေသရှိ လေဆိပ်တစ်ခုသို့ မဆင်းသက်မီ လျှပ်စစ်ဓါတ်အားကြိုးများနှင့် ထိမိပြီးနောက် မတ် ၆ ရက် နံနက်ပိုင်းက ပျက်ကျခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ခရီးသည် ခုနှစ်ဦးနှင့် လေယာဉ်အမှုထမ်းနှစ်ဦးတို့ သေဆုံးခဲ့ကြောင်း၊ ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် အမြင့်၌ သွယ်တန်းထားသော ကေဘယ်လ်ကြိုးတစ်ခုကို ထိမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဒေသရှိ ရွှေတွင်းတစ်တွင်းကို ပိုင်ဆိုင်သည့် မာဆာပီရူး ကုမ္ပဏီငယ်တစ်ခုက အဆိုပါ ဂျက်လေယာဉ်ကို စင်းလုံးငှားရမ်းခဲ့ခြင်းဖြစ်သည်။ လေယာဉ် အပျက်အစီးများကို အဝေးပြေး လမ်းမဘေးရှိ လျှိုမြောင် တစ်ခုအတွင်း၌ တွေ့ရသည်ဟု ဒေသခံများက ဆိုသည်။ 
(အင်တာနက်)
khitlunge

No comments:

Post a Comment