Wednesday, March 6, 2013

ချယ်လ်ဆီးထံမှ ကမ်းလှမ်းမှုများ ရှိနေသည် ဆိုခြင်းကို ကာပယ်လို ငြင်းဆို


ချယ်လ်ဆီး အသင်းထံမှ ချိတ်ဆက် ကမ်းလှမ်းမှုကို လက်ခံ ရရှိခဲ့ကြောင်း သတင်းများကို ဖေဘီယို ကာပယ်လိုက ငြင်းဆိုလိုက်သည်။
ချယ်လ်ဆီးသည် လက်ရှိ မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်နှင့် စာချုပ်ကို ရာသီကုန်ထိသာ ချုပ်ဆိုထားပြီး ထို့နောက်တွင်မူ မန်နေဂျာ အပြောင်းအလဲ ပြုလုပ်ရန် ရည်ရွယ်ထားသည်။ သတင်းအချို့က ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် ရာသီကုန်တွင် စပိန်သား ဘင်နီတက်ဇ် နေရာတွင် အင်္ဂလန်အသင်း မန်နေဂျာဟောင်း ကာပယ်လိုနှင့် အစားထိုးနိုင်သည်ဟု သုံးသပ် ဖော်ပြ လာခဲ့သည်။ သို့သော်လည်း အဆိုပါ အီတလီသား မန်နေဂျာကြီးက မိမိနှင့် စတမ်းဖို့ဒ်ဘရစ်ဂ်ျကြား အဆက်အသွယ် မရှိဟု ဖြေရှင်းခဲ့သည်။
လက်ရှိတွင် ကာပယ်လိုသည် ရုရှား လက်ရွေးစင် အသင်းကို ကိုင်တွယ်နေသည်။ ၎င်းက ချယ်လ်ဆီးနှင့် အဆက်အသွယ် မရှိဘဲ ရုရှားအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ရေးအတွက်သာ အဓိက ဦးတည် ကြိုးပမ်းနေဆဲဟု ပြောဆိုခဲ့သည်။ ကာပယ်လိုက "ကျွန်တော့် စိတ်ထဲမှာ ရှိတာက ကမ္ဘာ့ဖလား ပြိုင်ပွဲဆီကို ရုရှားအသင်း အရောက်လှမ်းဖို့ပါပဲ။ လောလောဆယ် အခြေအနေမှာ ကျွန်တော့်ကို ဘယ်အသင်းကမှ ဆက်သွယ်တာ မရှိပါဘူး။ ကျွန်တော့်ဆီမှာ ဘာကမ်းလှမ်းမှုမှ ရောက်မနေပါဘူး" ဟု ပြောကြားသွားသည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment