Friday, March 15, 2013
Michael Learns to Rock ရှိုးပွဲမှာ ပါဝင်သီဆိုမယ့် ဖြူဖြူကျော်သိန်း
ကမ္ဘာကျော် ပေါ့ပ်ရော့ခ် အဖွဲ့ (MLTR) Michael Learns to Rockု ရဲ့ မြန်မာပြည်မှာ ပထမဆုံး ကျင်းပ မယ့် ရှိုးပွဲမှာ မြန်မာပြည်က တေးသံ ရှင်တွေဖြစ် ကြတဲ့ ဇော်ဝင်းထွဋ် နဲ့ ဖြူဖြူ ကျော်သိန်းတို့ ပါဝင် သီဆိုကြမှာ ဖြစ်ပါတယ်။ ကမ္ဘာကျော် အဖွဲ့ရဲ့ ပွဲမှာ ပါဝင် ဖျော်ဖြေ ဖြစ်ကြောင်းကို ဖြူဖြူကျော်သိန်း က “ပြည်ပ က ကုမ္ပဏီ တစ်ခု နဲ့ ဒီက ကုမ္ပဏီ တစ်ခုပေါင်း လုပ်တာပါ။ ဂျေဆင်မရတ် ပွဲမှာ ဖြူဖြူ ဖျော်ဖြေတော့ ပြည်ပက အဲဒီ ကုမ္ပဏီ က ကြည့်လို့ တွေ့သွားပြီး သူတို့က မိုက်ကယ် လန်း ပွဲ အတွက် ဖြူဖြူ့ကို ပါဝင် သီဆိုပေးဖို့ ဒီကကုမ္ပဏီက တစ်ဆင့် ကမ်းလှမ်းတယ်။ အဖွင့်အနေနဲ့ ဆိုပေး ဖို့ပါ။ နာရီဝက်စာ ဖျော်ဖြေပေးဖို့ ကမ်းလှမ်းတယ်။ ဒါပေမဲ့ ၄၊၅ ပုဒ် လောက်ပဲဖြစ်မှာပါ။ သီချင်းကတော့ ကိုယ်ပိုင် သံစဉ်ထဲက ၅ ပုဒ်လောက် ရွေးထားတယ်။ အရန်တွေတော့ ထား ရမှာပေါ့။ Lazy Club နဲ့ဆိုမှာပါ။ ကိုညီထွဋ် ကတော့ အင်ပါယာနဲ့ ဆိုမှာ ပါ” လို့ သူပါဝင် ဖြစ်ပုံကိုပြောပါတယ်။ ဖြူဖြူကျော်သိန်း က မတ်လ ၃၁ ရက်နေ့ ပွဲ အတွက် သီချင်းတွေ တိုက်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပြီး ပါဖော့မန့် ပိုင်း မှာတော့ ရွှေတိဂုံ ဘုရား နောက်ခံ နဲ့ စင်မြင့် မှာ ဖျော်ဖြေ ရမှာဖြစ်တာ ကြောင်း အဝတ်အစား ပိုင်းကိုလည်း သေချာ ပြင်ဆင်ထားပါတယ်လို့ ပြောပါတယ်။
ရဲရဲ
Popular Journal

No comments:
Post a Comment