Thursday, April 25, 2013

ရထားလမ်းချော်ရန် ကြံစည်မှု ကနေဒါရဲတပ်ဖွဲ့ဖြိုခွင်း


ကနေဒါနိုင်ငံ တိုရန်တိုမြို့မှ ခရီးသည်တင် ရထားတစ်စီးကို လမ်းချော်သွားစေရန် ကြံစည်ခဲ့ကြသော အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး၍ စွဲချက်တင်ထားကြောင်း ဧပြီ ၂၃ ရက်က ရိုက်တာ သတင်းတွင် ဖော်ပြသည်။ ၄င်းသို့ ကြံစည်ကြသူများကို အီရန်နိုင်ငံအတွင်းရှိ အယ်လ်ခိုင်ဒါ အဖွဲ့ဝင်များက အားပေးကူညီကြသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ ဤကြံစည်မှုသာ ထမြောက် အောင်မြင်သွားခဲ့လျှင် အပြစ်မဲ့ပြည်သူများစွာ သေဆုံး၊ ဒဏ်ရာ ရရှိကြမည်ဟု ကနေဒါ တော်ဝင်ရဲတပ်ဖွဲ့မှ အရာရှိ ဂျိမ်းမာလီဇီယာက သတင်းထောက်များအား ပြောကြားခဲ့သည်။ နယူးယောက်နှင့် ကနေဒါအကြား မီးရထားလမ်းကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယင်းမီးရထားလမ်းသည် ဟတ်ဆန်တောင်ကြား တစ်လျှောက် ဖြတ်သန်းမောင်းနှင်ပြီး နီဂါရာ ရေတံခွန်အနီးတွင် ကနေဒါနိုင်ငံအတွင်းသို့ ဝင်သွားကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါကြံစည်မှုနှင့် စပ်လျဉ်း၍ တိုရန်တိုမှ အသက် (၃၅)နှစ်ရှိ ရာအစ်ဂျာဆာနှင့် မွန်ထရီရယ်မှ အသက်(၃ဝ)ရှိ ချီဟက်အက်ဆက်ဟာအီယာတို့ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဖမ်းဆီးထားသည့် မသင်္ကာသူနှစ်ဦးသည် ကနေဒါနိုင်ငံသားများ မဟုတ်ကြောင်း၊ သို့သော် မည်သည့် နိုင်ငံသားများဖြစ်သည်ကိုမူ ရဲတပ်ဖွဲ့က မပြောကြားပေ။ စုံစမ်းစစ်ဆေးမှုများ ပြုပြီးနောက် သတင်းအရင်းအမြစ် နှစ်နေရာမှ ပြောကြားသည်မှာ တစ်ဦးသည် တူနီးရှားနိုင်ငံသားဖြစ်သည်။ 
(အင်တာနက်)
khitlunge

No comments:

Post a Comment