Thursday, April 25, 2013
ဘင်္ဂလားဒေ့ရှ်၌ ရှစ်ထပ်အဆောက်အအုံပြိုကျ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမြို့ ဆင်ခြေဖုံးတွင် ရှော့ပင်းစင်တာတစ်ခုနှင့် အထည်စက်ရုံများ ပါရှိသည့် အထပ်ရှစ်ထပ်ရှိ အဆောက်အအုံ တစ်လုံး ဧပြီ ၂၄ ရက်က ပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၈၇ ဦးကျော် သေဆုံးပြီး ၆ဝဝ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အင်တီဗွီနယူးစ်ချန်နယ် တစ်ခု၏ ထုတ်လွှင့်ပြသချက်အရ သိရသည်။ အဆိုပါပြိုကျမှုသည် မြို့တော်ဒါကာအပြင်ဘက် ကီလိုမီတာ ၃ဝ ခန့်အကွာ ဆာဗာတွင် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းပြိုကျမှုကြောင့် ရာနာမလာဆာရှော့ပင်းစင်တာ အဆောက်အအုံ၌ မီးသတ်သမားများနှင့် အစိုးရတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးဖြစ်သည့် မိုဟာမက်အဆက်ဒူဇာမင်းန်က ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါ အဆောက်အအုံသည် ပြီးခဲ့သည့်ရက်များက အက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီးနောက် အဆောက်အအုံအတွင်းသို့ အလုပ်သမားများ ဝင်ခွင့်မပြုရန် သတိပေးချက် တစ်ရပ်အား စက်ရုံပိုင်ရှင်များ အနေဖြင့် မသိကျိုးကျွန် ပြုနေသည်ကို မြင်တွေ့နေရကြောင်း ၄င်းရဲအရာရှိက ဆက်လက် ပြောကြားသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment