Friday, April 26, 2013

တမီလ်နာဒူးပြည်နယ်တွင် စီးပွားရေးဗဟိုဌာန မီးလောင်


အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ် ကွိုင်ဘာတောမြို့ရှိ အထပ်များစွာဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော စီးပွားရေး ဗဟိုဌာနတွင် ဧပြီ ၂၅ ရက်က မီးလောင်ကျွမ်းရာ ဘဏ်ဝန်ထမ်း အမျိုးသမီး နှစ်ဦး အပါအဝင် အမျိုးသမီးလေးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ယင်းအဆောက်အအုံတွင် ဖွင့်လှစ်ထားသော ပုဂ္ဂလိကဘဏ် အာရစ်ဇ်၏ ရုံးခန်းတွင် နံနက် ၁ဝ နာရီခွဲခန့်က မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာနှင့် ရေတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အပါအဝင် မီးသတ်သမားများက ရေသယ်ကား ၁ဝ စီးမှ ၁၂ စီးဖြင့် တစ်နာရီခွဲကျော်ကြာ မီးငြှိမ်းသတ်ရကြောင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်။ မီးလောင်ကျွမ်းရာနေရာသို့ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံကယ်ဆယ်ရေးများ လျင်မြန်စွာ ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ကြကြောင်း ခရိုင်စစ်ဆေးရေးမှူး တစ်ဦးက ပြောကြားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment