Saturday, April 6, 2013
အစ္စရေးနှင့် ပါလက်စတိုင်း အပြန်အလှန်ပစ်ခတ်
ဂါဇာကမ်းမြောင်ဒေသတွင်းမှ ပါလက်စတိုင်း စစ်သွေးကြွများသည် နှစ်ရက်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် နယ်စပ်ကို ဖြတ်ကျော်၍ အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့သည်ဟု ဘီဘီစီက ဖော်ပြသည်။ ထို့သို့ မပစ်မီ စောစောပိုင်းတွင် အစ္စရေးစစ်ဘက်က ဂါဇာကမ်းမြောင်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ယမန်နှစ် နိုဝင်ဘာလအတွင်း၌ ဟားမားစ်နှင့် အစ္စရေးတို့အကြား အပစ်အခတ် ရပ်စဲရေး သေဘာတူညီချက် ရရှိခဲ့ပြီးသည့်နောက် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။ အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် လည်းကောင်း၊ ပါလက်စတိုင်းတို့က ဒုံးကျည်ပစ်ခတ်ခြင်းကြောင့် လည်းကောာင်း ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မျှမရှိဟု ဆိုသည်။ အင်္ဂါနေ့တွင် ပါလက်စတိုင်တို့က ဒုံးကျည်တစ်စင်း ပစ်ခတ်ပြီးနောက် အစ္စရေးစစ်လေယာဉ်များက ဂါဇာကို ဗုံးကြဲခဲ့သည်ဟု အစ္စရေးတို့က ပြောသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ပါလက်စတိုင်းတို့က ဒုတိယမြောက် ဒုံးကျည်ကို ပစ်ခတ်ခဲ့သည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment