Friday, May 24, 2013

24.5.2013 မှ 30.5.2013 ထိ ၇ရက်‌သားသမီး‌ဟောစာတမ်း

တနင်္ဂ‌နွေ
အ‌တွေးများ စိတ်‌ကူးယဉ်‌မှုများ ရည်‌ရွယ်‌ချက်‌များဖြင့်‌ ပြည့်‌‌နေမည်‌။ စိုးရိမ်‌‌ကြောင့်‌ကြမှုများလည်းရှိ‌နေမည်‌။ ၂၄ ရက်‌မှ ၂၆ရက်‌ ကာလ မှာ စိတ်‌တိုင်းမကျ မှုများ ဖြစ်‌နိုင်‌‌သော်‌လည်း ၂၇ ရက်‌ မှ ၃၀ ရက်‌ ကာလအတွင်းမှာ အဆင်‌‌ပြေ‌အောင်‌မြင်‌မှု‌တွေ မုချကြုံလာလိမ့်‌မည်‌။ ရည်‌ရွယ်‌ချက်‌ရှိပြီး မသွားဖြစ်‌ မလုပ်‌ဖြစ်‌‌သော ခရီးများ အလုပ်‌များ အ‌ကောင်‌အထည်‌ ‌ဖော်‌ဖြစ်‌မည်‌။ အပြစ်‌တင်‌ အထင်‌လွဲ ‌နေ‌သောသူတို့ မှ ချီးကျူး စကား‌ပြောကြားလာလိမ့်‌မည်‌။ အ‌ဝေး‌ရောက်‌ ‌ဆွေမျိုးသားချင်း အတွက်‌ စိတ်‌ရှုပ်‌စရာ ကြုံမည်‌။ မ‌မျှော်‌လင့်‌‌သော ‌ငွေ၊ပစ္စည်း ဝင်‌မည်‌။
အကျိုး‌ပေးဂဏန်း  -  ၁၊ ၂၊၎
အထူး‌ဟော     - လူယုံမထားရ။
ယတြာ- ‌ငွေ ၁၀၀ ကျပ်‌ ကို လမ်းမ‌ပေါ်တွင်‌ တနင်္ဂ‌နွေနေ့နံနက်‌‌စော‌စော ပံ့သကူပြုပါ။
 
တနင်္လာ
ရှုံ့ချီနပ်‌ချီ လူမျိုးများနှင့်‌ ကြုံ‌တွေ့ရလိမ့်‌မည်‌။  ခု တစ်‌မျိုး ‌တော်‌ကြာ တစ်‌မျိုး ဖြစ်‌‌နေ‌သော သူတို့ နှင်‌ အလုပ်‌ တူ၊သွားအတူ ဖြစ်‌‌နေရတတ်‌သည်‌။ စိတ်‌ညစ်‌ရ‌ပေမဲ့ သည်းခံ‌ပေးလိုက်‌ပါ။ ခရီး‌ဝေးယာယီ များသွားရလိမ့်‌မည်‌။ စက်‌၊‌မြေတို့ ဝင်‌ထွက်‌မှုဖြစ်‌မည်‌။ အတိုက်‌အခံ များခြင်း ၊ လူလိမ်‌‌ငွေလိမ်‌ခံရခြင်းတို့ဖြစ်‌တတ်‌၍ ဆင်‌ခြင်‌ပါ။ စပ်‌တူရှယ်‌ယာ မလုပ်‌သင့်‌ပါ။ စာ‌မေးပွဲ မှာ ထူးချွန်‌စွာ ‌အောင်‌မြင်‌မှုရပါမည်‌။ မလိုသူ‌ပေါ်မည်‌။ ဂရုစိုက်‌ပါ။ လက်‌‌ဆောင်‌ပစ္စည်းရမည်‌။
 
အကျိုး‌ပေဂဏန်း -  ၂၊၅၊၇။
အထူး‌ဟော - ကံ‌ကောင်းမည်‌။
ယတြာ - ကံ‌ကောင်းပါ‌စေဟု ဆို ၍ အ‌ရှေ့ အရပ်‌ သို့ ငါး ၁၅ ‌ကောင်‌ လွတ်‌ပါ။
 
အင်္ဂါ
ပထမ ၃ရက်‌အတွင်းက‌တော့ သင့်‌ဆန္ဒ‌တွေ သင့်‌စိတ်‌တိုင်းကျ ‌တွေဖြစ်‌လာမှာ မဟုတ်‌ပါ။ ကျန်‌ ၄ရက်‌ မှာ‌တော့ သင့်‌ကံ‌ကောင်း ပြီ ဟုမှတ်‌ပါ။ သူများ ‌ပြောစကား ‌တွေမယုံပါနှင့်‌ ။ အတိုက်‌အခံ မလိုသူ‌ပေါ်မည်‌။  ပစ္စည်း‌ပျောက်‌တတ်‌၍ ဂရုစိုက်‌ပါ။ ဝါသနာပါလျင်‌ ထီထိုးပါ။ ၄ထိပ်‌ ၇ပိတ်‌ဖြင့်‌ထိုးပါ။ ဆုကြီး‌ပေါက်‌မည်‌။ ဘုမ္မိကျ‌သော အ‌နောက်‌အရပ်‌ ကို ခရီး မသွားသင့်‌ပါ။ အလုပ်‌ရာထူး မုချတက်မည်‌။
အကျို‌ပေးဂဏန်း - ၃၊၆၊၉။
အထူး‌ဟော - အဆင်‌‌ပြေမည်‌။
ယတြာ - အင်္ဂါ‌နေ့ မှာ အ‌ရှေ့‌တောင်‌ အရပ်‌ရှိ သံဃာ ၈ပါးဆွမ်းကပ်‌ပါ။
 
ဗုဒ္ဓဟူး
 
လူလိမ်‌ ၊ ‌ငွေလိမ်‌ ပစ္စည်း လိမ်‌ခံရမည်‌။ ခရီးသွားစရာများမသွားဖြစ်‌ပဲ ဖြစ်‌‌နေမည်‌။ ‌ဆောက်‌လက်‌စ အိမ်‌တို့ ဆက်‌‌ဆောက်‌ရမည်‌။ လုပ်‌လက်‌စ အလုပ်‌အပြီးသတ်‌ဖြစ်‌မည်‌။ချစ်‌လက်‌စ ချစ်‌သူနှင့်‌လည်း လက်‌ထပ်‌ဖြစ်‌မည်‌။  ယခုရက်‌ပိုင်းအတွင်း သင်‌ကြိုးစားမှု‌အောင်‌မြင်‌မည်‌။ အင်‌တာဗျူး‌အောင်‌မြင်‌မည်‌။ စာ‌မေးပွဲ ‌ဖြေဆိုမှု အမှတ်‌‌ကောင်း‌ကောင်းဖြင့်‌ ‌အောင်‌မြင်‌မည်‌။ ချစ်‌သူ ၂ဦး ထံမှလက်‌ထပ်‌ရန်‌‌ပြောလာမည်‌။ စန်းပွင့်‌ ၊ လဘ်‌ပွင့်‌ ‌သောကာလ ဖြစ်‌၍ သင်‌စတားဖြစ်‌‌နေမည်‌။
 
အကျိုး‌ပေဂဏန်း - ၄၊၆၊၈။
အထူး‌ဟော - ကံ‌ကောင်းပြီ။
ယတြာ- အိမ်‌ဘုရားကို ‌အောင်‌သ‌ပြေ ၁၉ ညွန့်‌နှင့်‌ ‌ရေသက်‌‌စေ့‌ရေသပ္ပာယ်‌ပါ။
 
ကြာသပ‌တေး
 
‌ပြောတိုင်းမယုံနှင့်‌ ကြုံတိုင်းမလိုက်‌နှင့်‌။ ‌ကျွေးတိုင်းမစားနှင့်‌ သတိထားရမည့်‌ ကာလဖြစ်‌ပါသည်‌။ အချစ်‌‌ရေးမှာလက်‌တည့်‌စမ်းခြင်းခံရမည်‌။ သင့်‌ရဲ့ မာနကို ချိုးမည့်‌ သူရှိ‌နေတယ်‌။ ကား၊ဆိုင်‌ကယ်‌မ‌မောင်းပါနှင့်‌ အန္တရာယ်‌ရှိတယ်‌။ စွန့်‌စားမှု ၊စမ်းသပ်‌မှု ၊ရှယ်‌ယာလုပ်‌မှု‌တွေမပြုလုပ်‌သင့်‌ပါ။ ခရီးသွားရာမှာ လမ်းတစ်‌ဝက်‌က ပြန်‌လာရခြင်းမျိုးးဖြစ်‌တတ်‌သည်‌။ လူခင်‌ခြင်းစိတ်‌ဝမ်းကွဲတတ်‌သည်‌။ လုပ်‌ငန်းစတင်‌ခြင်းမျိုး ဤရက်‌ပိုင်း တွင်‌‌ရှောင်‌ပါ။
 
အကျိုး‌ပေးဂဏန်း - ၁၊၅၊၉။
အထူး‌ဟော - စဉ်းစားပြီးမှ ဆုံးဖြတ်‌ပါ။
ယတြာ - အိမ်‌ဘုရားကို ‌ပေါက်‌ပါက်‌ပွင့်‌ဖြင့်‌ ပန်း‌မွေ့ယာပြုလုပ်‌ပြီး ကပ်‌လှူပါ။
 
‌သောကြာ
 
တစ်‌ချိန်‌ က လုပ်‌‌ဆောင်‌စရာများ ၊ ယခုလုပ်‌‌ဆောင်‌စရာများအမြန်‌ဆုံး အ‌ကောင်‌အထည်‌‌ဖော်‌ပါ။ အချစ်‌‌ရေးမှာ ချစ်‌သူကို အ‌ဖြေ‌ပေးဖို့ ‌နှောင်‌‌နှေး၍ မ‌ကောင်းပါ။ အချစ်‌‌ရေး‌နောက်‌ကျလျှင်‌ သူတစ်‌ပါးက လုယူသွားတတ်‌သည်‌။ အိမ်‌‌ထောင်‌ရှိ‌သောသူများ အငယ်‌‌ပေါ်မည်‌။ စက်‌‌မြေအိမ်‌တို့ ‌ရောင်းဝယ်‌ ‌ရောင်းဝယ်‌‌ပြောင်းလဲမှု ဖြစ်‌မည်‌။ ဆိုင်‌ဖွင့်‌ခြင့်‌ ၊ကားဝယ်ခြင်း တို့ဖြစ်‌မည်‌။ လုပ်‌ငန်း‌ပြောင်းဖြစ်‌မည်‌။ ‌ကောင်းသည်‌။ မိသားစု အတွက်‌စိတ်‌ရှုပ်‌ရတတ်‌သည်‌။
 
အကျိုး‌ပေးဂဏန်း - ၆၊၈၊၁။
အထူး‌ဟော - အဆင်‌‌ပြေမည်‌။
ယတြာ - ‌မြောက်‌အရပ်‌က လမ်းကို ‌သောကြာ‌နေ့တွင်‌ သန့်‌ရှင်း ‌ရေးလုပ်‌လိုက်‌ပါ။
 
စ‌နေ
‌မျှော်‌ လင့်‌‌နေ‌သော အရာ‌တွေအားလုံး အဆင်‌‌ပြေ‌အောင်‌မြင်‌မည်‌။ရည်‌ရွယ်‌ချက်‌‌တွေစတင်‌အ‌ကောင်‌အထည်‌‌ဖော်‌မည်‌။ အ‌ဝေးမိတ်‌‌ဆွေ၏ အကူအညီရမည်‌။ အနီးမိတ်‌‌ဆွေသစ်‌‌တွေ့မည်‌။ ကူညီမှုရမည်‌။ အချစ်‌‌ရေး‌ကောင်းသည်‌။ ချစ်‌သူများမည်‌။ ဝါသနာပါလျှင်‌ထီထိုးပါ။ ၅စ၅ပိတ်‌ထိုးပါ။ ‌ပေါက်‌ကိန်း‌ရှိတယ်‌။ (သို့မဟုတ်‌) ‌ငွေစုလိုက်‌ဝင်‌မည်‌။ ခရီးယာယီ‌တွေ‌ရောက်‌မည်‌။ မိသားစု အတွက်‌ ငဲ့ညှာမှု များရှိ‌သော်‌လည်း စိတ်‌ချမ်းသာမှုရမည်‌။
အကျိုး‌ပေးဂဏန်း - ၇၊၀၊၁။
အထူး‌ဟော - သင်‌ကံ‌ကောင်းပြီ။
ယတြာ - အိမ်‌ဘုရားကို စ‌နေ‌နေ့တွင်‌ ထီးနီ (၉)လက်‌ လှုပါ။  ‌

ဒေါက်တာထွန်းလင်း-ဘုတလင် ( Gold Medalist )

No comments:

Post a Comment