Friday, May 24, 2013

အစ္စရေးဘဏ်၌ ပစ်ခတ်မှုဖြစ်၊ လေးဦးသေဆုံး


အစ္စရေး နိုင်ငံတောင်ပိုင်းတွင် မေ ၂၁ ရက်က ဘဏ်တစ်ခုအတွင်း၌ အမျိုးသားတစ်ဦးသည် လူလေးဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် သူ့ကိုယ်သူ ပစ်သတ်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ ဓားစာခံအဖြစ် တစ်နာရီနီးပါးမျှ ဖမ်းဆီးထားသော အမျိုးသမီးကြီးတစ်ဦးကို လွှတ်ပေးပြီးမှ သူ့ကိုယ်သူ သတ်သေသွားခြင်း ဖြစ်သည်။ လူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ကနဦးတွင် ဓားပြတိုက်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဖော်ပြသော်လည်း နောက်ပိုင်း၌ ထိုလူသည် သေနတ်ဖြင့် ပစ်ခတ်ရန် ရွည်ရွယ်၍ ဘဏ်အတွင်းသို့ ၀င်ရောက်လာခြင်း ဖြစ်ဖွယ်ရာရှိသည်ဟု ပြောဆိုခဲ့သည်။ ဘဏ်ပိုထုတ်ငွေ ရှာကဲလ် ၆၀၀၀ ကို ပေးဆပ်ရန် ၄င်းက ငြင်းဆိုခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ထင်မြင်ကြောင်း အစ္စရေးမီဒီယာများက ရေးသားသည်။ သေနတ်သမားသည် ဘဏ်လုံခြုံရေး အစောင့်တစ်ဦးကို ပစ်သတ်ခဲ့ပြီး ကြမ်းပြင်၌ ၀ပ်နေသူ သုံးဦးကိုလည်း ဆက်လက် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။ ထိုတိုက်ခိုက်သူသည် အသက် ၄၀ ခန့်ရှိ၍ နယ်ခြားစောင့် အရန်တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ကြောင်း မီဒီယာများက ဖော်ပြသည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment