Friday, May 24, 2013
မိမိ၏ အနာဂတ်ကို ဗီလာ ဆုံးဖြတ်ပိုင်ခွင့် မရှိဟု ဘန်တက်ကီ ပြောကြား
အက်စ်တန်ဗီလာ အသင်းအနေဖြင့် မိမိ၏ အနာဂတ်ကို စီမံဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း တိုက်စစ်မှူး ခရစ္စတီယန် ဘန်တက်ကီက ပြောကြားလိုက်သည်။
ယခုရာသီ (၂၃)ဂိုး သွင်းယူပေးခဲ့သည့် ဘယ်လ်ဂျီယံ လူငယ် တိုက်စစ်မှူးကို ဗီလာက ဆက်လက် ထိန်းသိမ်းထားလိုသော်လည်း ကလပ်အသင်း အမြောက်အမြားက ၎င်းကို ခေါ်ယူရန် ကြိုးစားနေသည်။ တော့တင်ဟမ် ဟော့စပါး အသင်းသည် ဘန်တက်ကီအား အတည်ပြု ဝယ်ယူရန် အနီးစပ်ဆုံး ဖြစ်နေပြီး မန်ချက်စတာစီးတီး၊ အာဆင်နယ်နှင့် ချယ်လ်ဆီး အသင်းများကလည်း စိတ်ဝင်စားမှု ပြသနေသည်။ အသက်(၂၂)နှစ်ရှိ ဘန်တက်ကီက ၎င်းအနေဖြင့် ဗီလာမှ ထွက်ခွာကောင်း ထွက်ခွာနိုင်ပြီး အဆိုပါ ဆုံးဖြတ်ချက်သည် မိမိနှင့်သာ သက်ဆိုင်ကြောင်း ပြောဆိုသွားသည်။
ဘန်တက်ကီက "ကျွန်တော့်ကို ဗီလာမှာပဲ ဆက်နေပါလို့ အသင်းက ခိုင်းလာရင် ဒါမျိုးကို လက်ခံမှာ မဟုတ်ဘူး။ ကျွန်တော့် ဘောလုံးသမားဘဝ ဖြတ်သန်းမှုမှာ ဒီလို ခံစားချက်မျိုးအတွက် ဘယ်တုန်းကမှ သဘောကျခဲ့တာ မဟုတ်ဘူး။ ကျွန်တော်ကတော့ အရာရာကို ကိုယ့်လုပ်ပိုင်ခွင့်နဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစားပါတယ်"ဟု ပြောကြားခဲ့သည်။ ဗီလာသည် ပေါင်စတာလင် (၇)သန်းမျှဖြင့် ဘန်တက်ကီအား ပြီးခဲ့သည့် နွေရာသီတွင် ဂျန့်ခ်အသင်းထံမှ ဝယ်ယူခဲ့သည်။ ၎င်းသည် ဗီလာတွင် စာချုပ်သက်တမ်း (၃)နှစ် ကျန်ရှိနေဆဲလည်း ဖြစ်သည်။
Ref: The Sun
soccer myanmar

No comments:
Post a Comment